Pages

Monday, April 29, 2013

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)တပ်ဖွဲ့ဝင်များမှ မိုင်းရှုးမြို့နယ်အတွင်းရှိ ဗမာလူမျိုးများအား အတင်းအဓမ္မ နှင်ထုတ်နေ

ဧပြီ(၂၉)


ယခုနှစ်မတ်လမှစ၍ ၀မ်ဟိုင်းအခြေစိုက်ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် ရှမ်းပြည်နယ်၊ မိုင်းရှုး မြို့နယ် အတွင်းနေထိုင်ကြသော ဗမာလူမျိုးများအား အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်း၊ ဖမ်းဆီးခြင်း များဆောင် ရွက်လျက်ရှိကြောင်း ဒေသခံများထံမှ ကြားသိရပါတယ်။ ၎င်းသတင်းနှင့် ပတ်သက်၍ ဒေသခံ များအား မေးမြန်း ချက်အရ ယခုနှစ်အစောပိုင်းမှစ၍ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)တပ်ဖွဲ့ဝင်များသည် မတ်လ(၄)ရက်နေ့မှ တွင် မိုင်းရှုးမြို့နယ်၊ လွိုင်ဆောင်ထောက်ဒေသ၏မြောက်ဘက် (၇)မိုင်ခန့်အကွာရှိ ကျောက်ဖြူတောင်ကျေးရွာမှ ရွာသူ/ရွာသားများအား (၇)ရက်အတွင်း မိမိတို့ကြိုက်နှစ်သက်ရာ နေရာ ဒေသအသီးသီးသို့ ပြောင်းရွှေ့နေထိုင်ရန်နှင့် အပြီးမရွှေ့ပါက ကျန်ရှိနေသောနေအိမ်များအား မီးရှို့ဖျက်ဆီးပစ်မည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါ တယ်။

ဧပြီလ (၄)ရက်နေ့တွင်လည်း မိုင်းရှုးမြို့နယ်၊ ရပ်ကွက်(၂)၊ နယ်မြေ(၆)တွင် နေထိုင်သော ဦးဝင်းကြိုင်(အဖ) ဦးအေး၊ ဗမာ/ဗုဒ္ဓသည် မိုင်းရှုးမြို့မှ လွိုင်ဆောင်ထောက်ဒေသသို့ သားစားကြက်များပို့ရန် သွားရောက်ခဲ့ရာမှ ပါချီကျေးရွာအကျော် တောင်ကုန်းအတက်တွင် ဆိုင်ကယ်ပျက်၍ပြင်နေစဉ် SSPP/SSA အဖွဲ့မှ ရောက်ရှိလာပြီး ၎င်းအဖွဲ့မှ ဦးဝင်းကြိုင်အား ရှမ်းဘာသာစကားဖြင့်မေးမြန်းရာ နားမလည်သဖြင့် ဖမ်းဆီးကာပုံဆန်ကျေးရွာ၌ ချုပ်နှောင်ထားကြောင်း၊ ယခုအထိပြန်မလွှတ်သေးကြောင်း သိရှိရပါတယ်။

အဆိုပါအဖွဲ့သည် ပါချီကျေးရွာနှင့် ပန်ငကျေးရွာများတွင် နေထိုင်လျက်ရှိသော ဗမာလူမျိုးများအား ၎င်းကျေးရွာ များမှ မောင်းထုတ်ရွှေ့ပြောင်းခိုင်းသည့်စာအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၏လက်မှတ်၊ တံဆိပ်တုံးများအသုံး ပြု၍ရွှေ့ပြောင်းခိုင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ဧပြီလ(၈)ရက်နေ့တွင် ပါချီကျေးရွာသို့ထပ်မံရောက်ရှိလာပြီး ၎င်းရွာမှပြောင်းရွှေ့ခိုင်းထားသော ဗမာလူမျိုးများ အား ပြောင်းရွှေ့ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးကြောင်း၊ ဗမာလူမျိုးဖြစ်သူ ဦးကျော်ရွှေနှင့် ဇနီးဒေါ်အေးအေးမြင့် တို့သည် ပြောင်းရွှေ့ခြင်းမရှိသေးသဖြင့် ၎င်းတို့မှ ဒေါ်အေးအေးမြင့်အား ဘာလူမျိုးလဲ မေးမြန်းကြောင်း ကချင် လူမျိုးဟု ပြောသဖြင့် အိမ်ထောင်စုစာရင်းကိုတောင်းယူကြည့်ရာ အိမ်ထောင်စု စာရင်းတွင် ဗမာဟုရေးထား သဖြင့် (၂)နာရီအတွင်း ပြောင်းရွှေ့ရန်ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။


ပါချီကျေးရွာတွင် ဗမာအိမ်ထောင်စု (၁၁)စု ရှိပြီး ဧပြီလ(၈)ရက်နေ့မှစ၍ အိမ်ထောင်စုအားလုံး မိုင်းရှုး မြို့နှင့် လွယ်ဆောင်ထောက်သို့ပြောင်းရွှေ့သွားကြောင်း သိရှိရပါတယ်။ SSPP/SSA တပ်ဖွဲ့ဝင်များသည် လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော ဆိုင်ကယ်နှင့် ကားများအားလည်း စစ်ဆေးပြီးဗမာလူမျိုးများ ပါ/မပါ မေးမြန်းကြောင်း၊ ဗမာလူမျိုးများဖြစ်ကြောင်း တွေ့ရှိရပါက ပစ္စည်းများနှင့် ဆိုင်ကယ်များအား ရှာဖွေ စစ်ဆေးကြောင်း သိရှိရပါတယ်။

ဧပြီလ(၁၁)ရက်နေ့တွင်လည်း မိုင်းရှုးမြို့နယ်၊ နမ့်တောင်ကျေးရွာအုပ်စု၊ နမ့်တောင်ကျေးရွာရှိ ဦးစံဝိ၏ အချိုခြောက်စက်ရုံမှ ဗမာအလုပ်သမားများအား ရိုက်နှက်မောင်းထုတ်ခဲ့ပြီး ၎င်းကျေးရွာရှိဗမာလူမျိုး များအား အမြန်ဆုံးပြောင်းရွှေ့ရန်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
အထက်ပါသတင်းများနှင့် ပတ်သက်ပြီး SSPP/SSA အဖွဲ့မှ သဘောထားမှတ်ချက်ထုတ်ပြန်ခြင်း မရှိသေး ကြောင်းနှင့် ဗမာစစ်တပ်ကလည်း သင်္ကြန်အပြီးထိ ၎င်းပြဿနာအား ထိထိရောက်ရောက်ဟန့်တား ထိန်းသိမ်းတာမျိုးမတွေ့ရသေးကြောင်း သိရပါတယ်။


အထက်ပါကိစ္စများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်မှု လေ့လာသူတစ်ဦးကတော့ “ ဒီသတင်းမှန်တယ်ဆိုရင်တော့ SSPP/SSA ကမလုပ်သင့်တဲ့ကိစ္စဘဲ၊ လူမျိုးရေးပြဿနာဖြစ်အောင် ရည်ရွယ် ချက်ရှိရှိနဲ့ ဖန်တီးနေတယ်လို့ ယူဆရမယ်၊ တန့်ယန်း/မိုင်းကောင်ဘက်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ဗမာစစ်တပ်နဲ့ စစ်ရေးတင်းမာမှုတွေ တောက်လျှောက်ဖြစ်နေတာ အခုထိ မပြီးသေးဘူး၊ မိုင်းရှုးပြဿနာကို ဗမာ စစ်တပ်က အင်အားသုံးပြီးဝင်ရှင်းရင် ပဋိပက္ခကပိုကြီးသွားနိုင်တယ်၊ ဒီလိုဆိုရင်ငြိမ်းချမ်းရေးက ပိုပြီး အလှမ်း ဝေးသွားနိုင်တယ် ” ဟုမှတ်ချက်ပေးခဲ့ပါတယ်။

စစ်စံမြတ်
Myanmar Online News 

No comments:

Post a Comment