Pages

Tuesday, April 23, 2013

မူးယစ်ဆေးမှုအပါအ၀င်အမှုများဖြင့် ထောင် ၃၂ နှစ်ကျခံနေသူက ပြင်ပလူတစ်ဦးကို ဖုန်းဖြင့်ဆက်သွယ်ခြိမ်းခြောက်

ဧပြီ(၂၃)

 
မကွေးတိုင်းဒေသကြီး၊ မကွေး  ခရိုင်၊ တောင်တွင်းကြီးမြို့နယ် တောင်ပြင် ၁ ရပ်ကွက်၊ အိမ် အမှတ် ၄၉ ဒက်္ခိဏကျောင်းလမ်း နေ ကိုမိုးဇော်ထံသို့ ၁၅.၄.၂၀၁၃ ရက်နေ့ ည ၉း၁၀ အချိန်ခန့်တွင်  ၎င်း၏မိတ်ဆွေဖြစ်သူ မမီမီစိန်၏ ယခင်အမျိုးသားဦးကိုကြီးဆိုသူ သည်ထောင်ထဲမှ ဖုန်းဆက်၍ ကိုမိုးဇော်၏အိမ်၌ မမီမီစိန်နှင့် လက်ရှိခင်ပွန်းမောင်မောင်တင်  အား အိမ်မှာလက်ခံထားပါက လက်ခံထားသည့်အိမ်များအား မူးယစ်ဆေးဝါးတစ်ခုခုပစ်ပြီး ရဲဖြင့်   ရှာဖွေဖမ်းစီးမည်။ ၎င်းင်းအိမ်များ အား ရဲတပ်ဖွဲ့အား လာရှာခိုင်း မည်။ ရဲတပ်ဖွဲ့ဖြင့်ရှာမတွေ့ခဲ့ပါ က စသုံးလုံးဖြင့် ထပ်ရှာမည်ဟု  ထောင်ထဲမှ ဖုန်းဆက်၍ ခြိမ်းခြောက်မှုများပြုလုပ်နေသော ကြောင့် ကိုမိုးဇော်၏မိသားစုမှာ  စိုးရိမ်ကြောင့်ကြမကင်းဖြစ်နေရပါ  သောကြောင့် ယင်းခြိမ်းခြောက်မှု  များအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့လိမ်မူ၍ ကြိုတင်  အသိပေးအသာနားခံတင်ပြထား ကြောင်း သိရှိရသည်။ အဆိုပါ မမီမီစိန်၏ ယခင်ခင်ပွန်းဖြစ်သူဦး  ကိုကြီးဆိုသူမှာ မူးယစ်ဆေးဝါးမှု လက်နက်ကိုင်ဆောင်မှု၊ လူပြန်ပေး  ဆွဲမှု၊ တပ်မတော်အယောင်ဆောင်  မှု၊ကားလိုင်စင်မဲ့မှူးတို့ဖြင့်မန္တလေး တိုင်းဒေသကြီး၊ မန္တလေးအိုးဘို ထောင်တွင် ထောင်ဒဏ် (၃၂) နှစ်ကျခံနေရသည်ဟု သိရှိရပြီး ဦးကိုကြီးနှင့် မမီမီစိန်တို့သည် ယင်းအမှုမဖြစ်ခင်ကပင်တရားဝင်  ကွာရှင်းပြတ်ဆဲခဲ့သည်ဟု မမီမီစိန်  ၏ ပြောပြချက်အရ သိရှိရပါသည်။  ဦးကိုကြီး၏ ခြိမ်းခြောက်ခံရသူ ကိုမိုးဇော်မိသားစုမှာ ဦးကိုကြီး၏  ထောင်ချောက်ဆင်ဖမ်းစီးမည်ကို  ကြောက်ရွံ့စိုးရိမ်ပူပန်ဖြစ်နေရပါ  သောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလိုကူညီအကာအကွယ် ပေးနိုင်ရန် ကိုမိုးဇော် (ကားဘော် ဒီလုပ်ငန်းလုပ်ကိုင်နေသူ)မှ တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ  ကာကွယ်ကူညီမှုများပေးနိုင်ရန် အားကိုးယုံကြည်စွာဖြင့် အသနား ခံစာပေးပို့တင်ပြထားကြောင်း  စုံစမ်းသိရှိရပါသည်။
ဦးကိုကြီးဆိုသူကထောင် အတွင်းမှ ဆက်သွယ်ခြိမ်းခြောက်  ပြောဆိုရာတွင် အသုံးပြုခဲ့သော ဖုန်းများမှာ ၀၉- ၄၀၂၅၉၃၇–နှင့် ၀၉- ၄၀၂၆၂၅၇–တို့ဖြစ် ကြောင်း သိရသည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News

No comments:

Post a Comment