Pages

Friday, April 12, 2013

ဒဿမ အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲ ကျင်းပ

ဧပြီ(၁၂)

 ဒဿမအကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပွဲ အခမ်းအနားကို ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကြီးမှူး၍ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ယနေ့ မွန်းလွဲ၂ နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ “ရခိုင်လူမျိုးတွေ လုပ်ခဲ့တဲ့ ဓလေ့ထီးနန်းကို မပျောက်ပျက်ရအောင် နံ့သာသွေးပြိုင်ပွဲ ကျင်းပရတာ ဖြစ်တယ်။ ရလာတဲ့ နံ့သာရေတွေကို ရခိုင်ဓမ္မာရုံမှာ ရှိတဲ့ မဟာမုနိ ရုပ်ပွားတော်တွေကို ရေသပ္ပါယ်သွားမှာ ဖြစ်တယ်။ ဘုရားကို ရေမသပ္ပါယ်ရသေးခင် လူတွေ အချင်းချင်း ရေ မလောင်း ရဘူး။ ဒါဟာ ရခိုင်လူမျိုးတို့ရဲ့ ထူးကဲတဲ့ ဓလေ့တစ်ခုဖြစ် တယ်” ဟု ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
 The Myanma Age

No comments:

Post a Comment