Pages

Monday, April 29, 2013

အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းသားများ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို လာရောက်လေ့လာ

ဧပြီ(၂၉)


ဗြိတိန်နိုင်ငံရှိ အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (OUSU) ဥက္ကဋ္ဌ ဦးဆောင်သည့် ကျောင်းသား၊ ကျောင်းသူ ကိုးဦးသည် မြန်မာနိုင်ငံသို့ နှစ်ပတ်ကြာလာရောက်၍ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင် ကြီး၊ အင်းလေးဒေသများရှိ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်နေရာများကို လေ့လာခဲ့ကြောင်း အဆိုပါ ခရီးအား လိုက်ပါစီစဉ်ပေးသည့် မခိုင်မွန်လင်းက ပြောသည်။

"အရပ်ဘက်အဖွဲ့အစည်း ၂၀ ဝန်းကျင်လောက်နဲ့ တွေ့သွားတယ်။ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာ လကို စိတ်ဝင်စားလေ့လာလိုတဲ့အတွက် လာရောက်ခဲ့ကြတာပါ။ မြန်မာကျောင်းသားတွေနဲ့ အဆက် အသွယ်ဖြစ်စေဖို့နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ဆောင်ရွက်သွားမယ်လို့ ထင်ပါတယ်" ဟု ၎င်းကပြော သည်။

အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကလည်း မြန်မာနိုင်ငံခရီးစဉ်မှ စိတ်ဝင်စားဖွယ် အတွေ့အကြုံများ ရရှိခဲ့ပြီး လူငယ်များ၊ လူမှုအကျိုးပြု စိတ်ရှိသူများနှင့် ဆက်ဆံရေးတည်ဆောက်နိုင် ခဲ့၍ ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ဘွဲ့သွားရောက်ရယူသော ခရီးစဉ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ်က မြန်မာနိုင်ငံသို့ လာရောက်ရန်ဖိတ်ခေါ်ခဲ့မှုကြောင့် ယခုကဲ့သို့ အောက်စ်ဖို့ဒ်ကျောင်းသား၊ ကျောင်းသူများ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

7 Day News Journal
 

No comments:

Post a Comment