Pages

Monday, April 29, 2013

ဆီးရီးယားသူပုန်တွေကို ဥရောပနိုင်ငံအချို့စစ်ကူပေးနေ


29.4.2013

         ၂၀၁၁ မတ်လမှာ စတင်ခဲ့ တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ စစ်ရှိန် မလျော့သေး ဘဲ အစိုးရနဲ့ လက်နက်ကိုင်သူပုန်များအကြား တိုက်ပွဲ များ ပြင်း ထန်နေဆဲပါ။ ဧပြီလ ၂၆ ရက် ကမ္ဘာ့သတင်း တစ်ရပ်မှာတော့ ဆိးရီးယား အစိုး ရတပ်တွေဟာ လက်နက်ကိုင်သူ ပုန်များကို ဓာတုဗေဒ လက်နက် များ (Chemical Weapons)နဲ့ တိုက်ခိုက်လျက်ရှိကြောင်း အနောက် နိုင်ငံ သတင်းများမှာ ဖတ်ရမှတ်ရ ပါတယ်။

   
    ကနေ့ ဆီးရီးယားရဲ့ အခြေ အနေကိုတင်ပြရန် ဆီးရီးယား သမ္မတ ဘာရှာအာ ဆက်ပြုတ် ကျ ရေးအတွက် အစဉ်တစိုက် တိုက် ပွဲဝင်ခဲ့ကြတဲ့ အတိုက်အခံသူပုန် အုပ်စုကို အနောက်ဥရောပနိုင်ငံ အချို့(ဗြိတိန်၊ အိုင်ယာ လန်နဲ့ ပြင်သစ်)ရဲ့ တပ်ဖွဲ့ဝင်အချို့ စစ် ကူပေးတိုက်ခိုက်နေကြောင်း ဧပြီလ ၂၄ ရက်က အီးယူအကြမ်း ဖက်တိုက်ဖျက်ရေးအကြီး အကဲ ဂေးလ် လာဒီဂါချော့ က ပြောပါ တယ်။ စုစုပေါင်း အင်အား ၅၀၀ နီးပါးရှိမယ်လို့လည်း သူက ထောက်ပြသွားပါတယ်။ ဒါ့အပြင် အိမ်နီးချင်း အာရပ်နိုင်ငံအချို့က တပ်ဖွဲ့ဝင်တွေလည်း သူပုန်တွေ ကို ကူညီနေတယ်လို့ဆိုပါတယ်။

    အမေရိကန်ကတော့ လူ/ လက်နက်အကူအညီမပေးပေမဲ့ ဆီးရီးယား သူပုန်တွေကို အထောက် အကူဖြစ်စေမဲ့ ငွေကြေးအမေရိ ကန်ဒေါ်လာ သန်း ၁၃၀ ခန့် ထပ်ပေးမယ်လို့ ဆုံးဖြတ်ထား ကြောင်း အမေရိကန်နိုင်ငံခြား ရေး ၀န်ကြီး ဂျွန်ကယ်ရီက ကတိ ပေးသွားပါတယ်။ ယခင်ကပေး ခဲ့တာတွေ လည်း ဒေါ်လာသန်း ၂၅၀ ရှိပြီလို့ သိရပါတယ်။ ဘာရှာအာဆက် ကတော့ အနောက်နိုင်ငံတွေက အခုလို သူပုန်တွေကို အားပေးအားမြောက် လုပ်နေ တာဟာဖြင့် ကိုယ့်သေ တွင်းကိုယ်တူးသလို ဖြစ်မယ်ဆို တာ စဉ်းစားသင့် တယ်လို့ ပြောပါ တယ်။

အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုကတော့ ဆီးရီးယားသူပုန် တွေထဲမှာ အယ်လ်ကိုင်ဒါတွေ အများကြီးပါတယ်။ ဒီသူပုန်တွေ ကို လူ၊ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေတာဟာ ““မြွေ ပွေးခါး ပိုက်ပိုက်”” သလိုဖြစ်လာနိုင် ကြောင်း စိုးရိမ်တကြီး ပြောကြား လျက်ရှိပါတယ်။ ၃ နှစ်ကျော်လာ ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ် မှာ မြေစာပင်ဖြစ်ကြ ရသူတွေက တော့ ပြည်သူတွေပါ။ သေဆုံး သူ ၇၀၀၀၀ ကျော်ပြီလို့ သိရပါ တယ်။

hot news

No comments:

Post a Comment