Pages

Thursday, April 11, 2013

တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေး

ဧပြီ(၁၁)
တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့နယ် စံဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၌ ယမန်နေ့ မွန်းလွဲ ၁နာရီက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပေးအပ်ပွဲ ကျင်းပရာ အခမ်းအနားသို့ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စံဖိတ်ကျေးရွာ အုပ်စုမှ တောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ  သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး မြို့နယ် မြေစာရင်း ဦးစီး ဌာနမှူး ဦးအောင်ဖြိုးသော်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးခြင်း၏ ရည်ရွယ်ချက် များနှင့် အခွင့်အရေး များကို ရှင်းလင်း ပြောကြားကာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်များကို  တောင်သူ တစ်ဦးချင်း ထံသို့ ပေးအပ်သည်။

သီပေါမြို့နယ် စံဖိတ်ကျေးရွာ အုပ်စုတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးရာ တောင်သူပေါင်း ၈၂ ဦး၊ ဦးပိုင် လုပ်ကွက်ပေါင်း ၁ဝ၉ ခုကို  လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာ အုပ်စုများ သို့လည်း ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။     

 http://bit.ly/YMZnuo

မြ၀တီ

No comments:

Post a Comment