၂၂ ဘီးမော်တော်ယာဉ်နှင့် ဆိုင်ကယ် ချိတ်မိရာ ဆိုင်ကယ်နောက်မှ စီးနင်းသူ သေဆုံး
ဧပြီ(၉)
ရှမ်းပြည်နယ်
လားရှိုးမြို့ ခိုလောင်း မီးပွိုင့်-လားရှိုး မီးပွိုင့်ကြားတွင် ဧပြီ ၃ ရက်
ညနေ ၅ နာရီက ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ
ယာဉ်မောင်း အောင်ညွန့် ၁၈ နှစ် (ဘ)ဦးစံကော် ကွမ်ဟိရွာ မိုင်းတင် အုပ်စု
လားရှိုးမြို့ နေသူမှာ တစ်ရွာတည်းနေ အိုက်ထွန်း ၂၇ နှစ် (ဘ)ဦးလုံးတင် အား
တင်ဆောင်၍ မော်တော်ဆိုင်ကယ်ကို ခိုလောင်း မီးပွိုင့်မှ လားရှိုး
မီးပွိုင့်ဘက်သို့ ရှေ့မှ စီးနင်းလာခဲ့ပြီး နောက်မှကပ်လျက် တစ်ရွာတည်းနေ
လှရွှေ ၁၇ နှစ် (ဘ)ဦးစံလှ မော်တော်ဆိုင်ကယ် အမှတ် ၁၅ယ/--- ဝေ့ဗ် ၁၁ဝ
ဆိုင်ကယ်ဖြင့် စီးနင်း လာစဉ် ရဲလင်းထွန်း ၃၂နှစ် (ဘ)ဦးရွှေမောင်
ဘန့်ဘွေးရွာ နောင်ချိုမြို့နယ် မောင်းနှင်လာသည့် ၃င/--- အပြာရောင် ၂၂ဘီး
ယာဉ် ယာဘက်ဖြင့် ချိတ်မိပြီး အောင်ညွန့် နောက်မှစီးသူ အိုက်ထွန်း ပြုတ်ကျကာ
ကား၏ရှေ့ ဒုတိယ ဘီးဖြင့် ကြိတ်မိခဲ့ပြီး လှရွှေ ဆိုင်ကယ်ကိုပါ ဆက်လက်
ချိတ်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အိုက်ထွန်းတွင် ဦးခေါင်း
ကြေမွဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့ပြီး အောင်ညွန့်တွင် ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ရာ လှရွှေမှာ ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။
ထို့ကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ရဲလင်းထွန်းအား လားရှိုး အမှတ်(၂)
ရဲစခန်းမှ ယာဉ်(ပ)၆/၁၃ ပြစ်မှု ပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူ
ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
No comments:
Post a Comment