Pages

Tuesday, April 9, 2013

ဗြိတိန်နိုင်ငံ ဘရိုက်တန်မြို့မှ ကမ္ဘာ့ အစပ်ဆုံး ပီဇာကြီး

ဧပြီ(၉)

ဗြိတိန်နိုင်ငံ ဘရိုက်တန်မြို့ အနီးရှိ စားသောက်ဆိုင်၌် ပြုလုပ်ထားသော ''ကမ္ဘာ့ အစပ်ဆုံး ပီဇာကြီး'' အား ဒေသခံ များစွာက လာရောက် မြည်းစမ်းလျက် ရှိကြကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြ ထားသည်။

ယင်း ပီဇာကြီးအား Paul's အမည်ရှိ စားသောက်ဆိုင် ပိုင်ရှင် ပေါ်လ်ဘရေး ရှောက ပြုလုပ်ထားခြင်း ဖြစ်ပြီး ပီဇာတွင် ဆိတ် သို့မဟုတ် နွားနို့နှင့် ပြုလုပ် ထားသော ဒိန်ခဲ၊ ဟင်းခတ် အမွှေး အကြိုင်များ ပါဝင်သည့် စားမြိန်ရည် ခရမ်းချဉ်သီးနှင့် ကမ္ဘာ့ အစပ်ဆုံး ငရုတ်ကောင်းတို့ ပါဝင်ကြောင်း သိရသည်။

၎င်း ပီဇာကြီးအား လူပေါင်း ၁၃ဝဝ ခန့်က မြည်းစမ်း ကြည့်ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့သည် ထိုသို့ မြည်းစမ်းပြီးနောက် ရေခဲမုန့် တစ်ခုစီ အခမဲ့ ရရှိသည်ဟု သိရသည်။

ယင်း ပီဇာကြီးအား မဝါးစားမီ ပါးစပ်အတွင်းသို့ ထည့်သွင်းလိုက်ရုံ မျှဖြင့် ပူစပ်သည့် အရသာကို မချိမဆံ့ ခံစားခဲ့ရကြောင်း မြည်းစမ်းရာတွင် ပါဝင်သူ တစ်ဦးဖြစ်သူ ခရစ္စတိုဖာ ဘားနာ့တ်က ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

http://bit.ly/151fBnl

No comments:

Post a Comment