Pages

Tuesday, April 9, 2013

နှစ်ဦး မင်္ဂလာ အတာသင်္ကြန် ရှောင်ကြဉ်ရန်

ဧပြီ(၉)
နှစ်ဦး မင်္ဂလာ အတာသင်္ကြန် ရှောင်ကြဉ်ရန်

တန်ခူးလဆန်း ၃ ရက် ဧပြီ ၁၃ ရက် အတာဦး နှစ်ဦး ချိန်ခါ မင်္ဂလာသမယ သင်္ကြန် အကြိုနေ့မှ စ၍ မြန်မာ့ရိုးရာ ရေသဘင်ပွဲ ဆင်ယင် နွှဲကြပေမည်။ 

စိတြနက္ခတ်နှင့် မိဿရာသီ အခါညီ၍ မြန်မာလ ၁၂ လတွင် အစဦးဆုံး (ပထမ)လ ဖြစ်သည့် တန်ခူးလတွင် ''နှစ်သစ်ကူး''ပွဲ  ဆင်ယင် နွှဲကြသည်။  စုံနံ့သာမြိုင်ဦးကြော့က ''လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက် မလင်းနိုင်ဘူး၊ ပန်းပိတောက်မင်း..'' ဟူ၍ဖွဲ့ဆို ခဲ့သလို ''အတာရေနှင့် ပိတောက်ဝါ'' သည် ပဏာတင့် ကြပေ၏။ အတာရေ သဘင် ဆင်ယင်ရာ နှစ်ဦးမင်္ဂလာ ကာလတွင် မြန်မာ့ရိုးရာ ဓလေ့မှာ ကောင်းမှုကုသိုလ်များဖြင့် အလှူဒါန ပြုကြသည်။ မိဘ၊ ဆရာသမားများ၊ သက်ကြီးရွယ်အို များကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း လက်သည်း လှီးဖြတ် ပေးခြင်း၊ အမွှေးနံ့သာဖြင့် ကန်တော့ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်၊ စေတီတော်များကို ရေဖြင့် သပ္ပာယ် ပူဇော်ကြခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ကျွဲ၊ နွားများ၊ ငါးများ ဘေးမဲ့လွှတ်ခြင်း၊ စတုဒိသာ ကျွေးမွေးခြင်း၊ အလှူပြုခြင်းနှင့် မင်္ဂလာရှိသော ကောင်းမှုများ ပြုကြသည်။ လူငယ်ဘဝ ပျော်ရွှင်စရာ ချစ်ခင် ကျီစယ်မှုဖြင့် ရေကစား ကြရာတွင် အပြောအဆိုမှ အစ ယဉ်ကျေး သိမ်မွေ့စွာ မောင်နှင့်နှမ အသွင် ဆက်ဆံကြသည်။ ရေစို၍ အနေမခက်၊ ပျိုမေတို့ အရှက်မရစေအောင် သပြေခက်နှင့် အမွှေးနံ့သာရေ ပက်ဖျန်း ရေကစား ကြသည်။ မြန်မာတို့သည် ယဉ်ကျေးမှု ထွန်းကားသော လူမျိုး၊ အဆင့်အတန်း ရှိသော လူမျိုးဖြစ် လေရာ အလွန်မင်္ဂလာရှိပြီး ယဉ်ကျေးမှု ရှိသော သင်္ကြန်ပွဲတော်ကို ''ကောင်းမြတ်သော ဒါန သီလ ဘာဝနာကုသိုလ် အဖြာဖြာ မင်္ဂလာ အပေါင်းနဲ့ ကျင်းပနိုင်ခဲ့ ကြသည်

Read more>> http://bit.ly/Z5CWjD

မြ၀တီ

No comments:

Post a Comment