Pages

Thursday, April 25, 2013

ငါးမိုင်းခွဲရန် ယမ်းတောင့်မီးညှိစဉ် ယမ်းပေါက်ကွဲဒဏ်ရာရ

ဧပြီ(၂၅)
 ငါးမိုင်းခွဲမှုကြောင့် နားစည်ကွဲပြီးသေဆုံးနေသော ငါးများ

၂၃-၄-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ ခိုလန်မြို့နယ်ခွဲ၊ ရပ်ကွက်(၄)နေ ကိုစိုင်း(ခ)စိုင်းလွမ်းနိုင်(၄၄)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဦးမြင့်ဦး(၅၄)နှစ်၊ ဦးမြင့်နိုင်(၃၅)နှစ်တို့နှင့်အတူ နမ့်မောင်းချောင်းအတွင်း ငါးမိုင်းခွဲရန် ယမ်းတောင့်အပိုင်း(၂)ပိုင်းအား ရွှံ့ဖြင့်လုံးပြီး ၀ဲလက်ဖြင့်ကိုင်၍ ယာလက်မှဆေးလိပ်မီးဖြင့် ယမ်းစအားမီးညှိစဉ်ပေါက်ကွဲရာမှ ကိုစိုင်း(ခ)စိုင်းလွမ်းနိုင်၏ မျက်စိနှစ်လုံးထိခိုက်၊ မျက်နှာပြင်တစ်ခုလုံး ယမ်းစထိမှန်စုတ်ပြတ်၊ လည်ပင်း တည့်တည့်ပေါက်ပြဲ၊ ၀ဲလက်ဖမိုးပေါက်ပြဲ၊ ယာလက်ကောက်ဝတ်ပြတ်၊ ယာခြေဖမိုးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ခိုလန်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ကိုစိုင်း(ခ)စိုင်းလွမ်းနိုင်အား ခိုလန်ရဲစခန်း (ပ)၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment