Pages

Thursday, April 18, 2013

တအာင်း(ပလောင်)လူမျိုးနှင့် လူမျိုးတမျိုးဟု အသိအမှတ်ပြုနိုင်မည့် ဝိသေသလက္ခဏာ

ဧပြီ(၁၈)
 

ကမ္ဘာပေါ်ရှိ လူမျိုးစုများအကြောင်း လေ့လာသည့် မနုဿ လူမှုပညာရှင်များ သတ်မှတ်ထားသော လူမျိုး တမျိုး ဖြစ်ကြောင်း အသိအမှတ် ပြုနိုင်မည့် ဝိသေသ လက္ခဏာများမှာ-


လူသားအုပ်စုအဖြစ် စုစည်းမှု (Racial Unity)
ဘာသာစကား တူညီမှုအရ စုစည်းထားမှု (Community of Language)
ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတူညီမှု အရစုစည်းထားမှု (Community of Culture and traditions)
နေထိုင်ရာ နယ်နိမိတ်စုစည်းမှု (Geographic Unity)
ဘုံအကျိုးစီးပွားတူညီမှု (Common Interests)
တို့ဖြစ်ပါသည်။

မိမိတို့ တအာင်းလူမျိုးသည် ထိုဖော်ပြပါ လူမျိုးတမျိုးအားအသိ အမှတ်မပြုနိုင်မည့် လက္ခဏာနှင့် ပြည့်စုံ ကိုက်ညီသော လူမျိုး တမျိုး ဖြစ်သည်။ တအာင်းလူမျိုးတွင် မျိုးနွယ်စုများရှိပြီး ထိုမျိုးနွယ်စုအားလုံးမှာ တအာင်းလူမျိုး အဖြစ် ခံယူကြသည်။ တအာင်းလူမျိုးသည် မြန်မာနိုင်ငံရှိမည်သည့် လူမျိုးတို့၏ လက်အောက်ခံမျိုးနွယ်စု၊ မျိုးနွယ်စိပ် တခုမဟုတ်ပေ။

လူမျိုးနွယ် ဆင်းသက်မှုအရ မွန်၊ ပလောင်၊ ဝ၊ ခမာ လူမျိုးတို့မှာ မွန်ခမာ မျိုးနွယ်များ ဖြစ်ကြပြီး တအာင်း ပလောင်လူမျိုးးသည့် သီးခြား လွတ်လပ်သည့် လူမျိုးတစ်မျိုး ဖြစ်သည်။


No comments:

Post a Comment