Pages

Thursday, April 11, 2013

အားကိုးရမယ့်လူငယ်တွေ

ဧပြီ(၁၁)
 
လူငယ်ဆိုတာဟာနောင်အနာဂတ်မှာ  အားကိုးရမယ့်သူတွေပါပဲ။ စာရေးဆရာကြည်မင်း ပြောနေကျစကားတစ်ခုရှိပါတယ် -
“တိုင်းပြည်ကိုချစ်ရင်လူငယ်ကိုချစ်ပါ၊ လူငယ်တွေကိုပြုစုပျိုးထောင်ပါ” ဆိုတဲ့စကားပါ။ 
အဲဒီထဲမှာ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့က Care For Childrenအဖွဲ့က လူ ငယ်တွေလည်းပါ ၀င်ပါတယ်။ 

ပရဟိတဂေဟာမှ ဆရာမများ

ဒီအဖွဲ့လေးဟာ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးကလေးငယ်တွေရဲ့ ပညာရေးအတွက် အကူအညီပေးတာတွေကိုအဓိကလုပ်ဆောင်တာပါ။
ဒေသတွင်း လိုအပ်ချက်တွေကို ပူးပေါင်း ပါဝင် ဆောင်ရွက်သူတွေအဖြစ် မြို့ခံတွေက အသိအမှတ်ပြုကြပါတယ်။ 

စာရေး ဆရာ လေးကိုတင်၊ ကဗျာဆရာမြေလတ်မောင်မြင့်သူ၊ စာရေးဆရာပြည်သွေးနိုင်၊ စာရေးဆရာမအမရာဇော်၊ သရုပ်ဆောင် မယ်လိုဒီ၊
ကျန်းမာရေးမကောင်းတဲ့ကြားက ကလေးငယ်လေးတွေအတွက် အားပေးစကားပြောသွားပေးတဲ့ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် တို့ကို ဒီပွဲမှာ တွေ့ရပါတယ်။

ကလေး ငယ်တွေနဲ့ရင်းရင်းနှီးနှီးပြောဆိုခဲ့တဲ့အတွက် သူကိုကြည့်ပြီးပျော်ရွှင်နေတဲ့ကလေးငယ် တွေရဲ့မျက်နှာများကိုလည်း ဒီပွဲလေးမှာတွေ့ခဲ့ရပါတယ်။ 

၂၀၀၇ခုနှစ်ကတည်းက လူငယ်မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်း တာဝန်ယူမှုတွေ နဲ့ဖွဲ့စည်း ခဲ့တဲ့ ဒီအဖွဲ့လေးဟာ ဧပြီလ ၆ ရက်နေ့မှာ (၆)နှစ်ပြည့်ခဲ့ပါပြီ။

(၆)နှစ်ပြည့်ပွဲကို တက်ရောက်လာသူ စာရေးဆရာတစ်ဦးဖြစ်တဲ့ ရနံ့သစ်မဂ္ဂဇင်း အယ်ဒီတာပြည်သွေးနိုင်က -
 “အမှောင်ခေတ်တစ်ခေတ်ကို ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်နိုင်ငံအတွက် အခုချိန်မှာလူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့လိုပါတယ်” လို့ အမှတ်တရပြောကြားပေးခဲ့ပါတယ်။ 

 ဒီမှာရှိတဲ့လူငယ်တွေအတွက် အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

မယ်လိုဒီ

ဒီကျောင်းလေးမှာ ပညာသင်ကြားနေတဲ့မိဘမဲ့၊ မိမဲ့၊  ဖမဲ့၊ ဆင်းရဲနွမ်းပါးကလေးငယ် အယောက်(၅၀၀)ကျော်ပညာသင်ကြားနေကြတာပါ။


“ဒီမှာရှိတဲ့ကလေးငယ်တွေက မိဘမဲ့ကလေးငယ်တွေများပါတယ်။  နာဂစ်နောက်ပိုင်းမှာ လူ ပိုများလာတယ်၊  ဘုန်းကြီးက ကရင်လူမျိုးဖြစ်တာကြောင့် ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ တိုင်းရင်သားကလေးငယ်တွေကိုလည်း လက်ခံထားပါတယ်” လို့ မင်္ဂလာတိုက်ကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။ 
ကလေးငယ်တွေအရေး ဆောင်၇ွက်လူပ်ရှားနေတဲ့ အဖွဲ့တွေလည်း  ဒီကျောင်းလေးကို လာရောက် ကူညီပေးလေ့ရှိပါတယ်။  ဆေးကျောင်းသားတွေစုပြီး ဒီကျောင်းလေးကိုလာတာလည်း တွေ့ရပါတယ်။ 
ကလေးငယ်တွေရဲ့ ကျမ်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တာတွေ၊ ကလေးငယ်တွေနဲ့အတူဆော့ကစားတာမျိုးတွေ လုပ်ကြပါတယ်။ 

ပြည်တွင်းပြည်ပ ကစေတနာရှင်တွေရဲ့အလှူငွေတွေ၊ ဆရာတော်ရဲ့ တရားပွဲများမှရရှိငွေတွေနဲ့ ပရဟိတကျောင်းလေး လည်ပတ်နေတယ်လို့လည်း သိရပါတယ်။ 

ရွက်စိမ်း ~


 မြေလတ်မောင်မြင့်သူ

  ရဲတိုက်


The Irrawaddy's Blog

No comments:

Post a Comment