Pages

Tuesday, April 16, 2013

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်



ဧပြီ(၁၆)

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။   

၂၀၁၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မိုးလေ၀သ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်ငါးရက်(ဧပြီလ ၂၁ ရက်နေ့) အထိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။      

ထို့အတူထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် လေထုမငြိမ်သက်မှုများကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်သုံးရက် (ဧပြီလ ၁၉ ရက်)နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။          

လက်ရှိကာလသည် မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သော ဧပြီလလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ယင်းကာလသည် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ၏ သက်ရောက်နိုင်ခြေကို ရခိုင်၊ ဧရာဝတီ စသည့် ကမ်းရိုးတန်းဒေသများတွင် သတိပြုရသည့် ကာလလည်းဖြစ်သည်။

EMG  

No comments:

Post a Comment