Pages

Tuesday, April 23, 2013

သရက်သီးများ ထူးဆန်းစွာ အုံဖွဲ့သီး

ဧပြီ(၂၃)
သရက်သီးများ ထူးဆန်းစွာ အုံဖွဲ့သီး

နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်း (၃)ရပ်ကွက် (၁၅)လမ်းရှိ ဦးအောင်ညွန့်-ဒေါ်ခင်မေသင်း တို့၏ အိမ်ခြံမြေ အတွင်းတွင် လွန်ခဲ့သော ၁၂ နှစ်ခန့်မှ စိုက်ပျိုးခဲ့သော ပန်းစွဲ သရက်ပင်မှ သရက်သီးများ ထူးဆန်းစွာ အုံဖွဲ့၍ သီးနေမှုကို တွေ့ရှိခဲ့သည်။
အဆိုပါ သရက်ပင်မှာ လွန်ခဲ့သော ၁၂ နှစ်ခန့်က စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် နေအိမ်နှင့် အကိုင်း အခက်များ နီးကပ် လာသဖြင့် အပင်အား သင်းသတ် ထားခဲ့ရာမှ အပင် သေဆုံးမှု မရှိဘဲ ပင်စည်၏ ကိုင်းမှ အလုံးရေ ၇၀ ခန့်ရှိ သရက်သီးများ ထူးဆန်းစွာ အုံဖွဲ့ သီးနေမှုကို တွေ့ရကြောင်း၊ သရက်သီး များမှာလည်း အရွယ်အစား သေးလှီခြင်း မရှိဘဲ ပုံမှန် သရက်သီးများ ကဲ့သို့ ကြီးထွားမှု ရှိကြောင်း ပိုင်ရှင်ဖြစ်သူ ဦးအောင်ညွန့်က ပြောကြားသည်။
 
မြ၀တီ

No comments:

Post a Comment