Pages

Wednesday, April 24, 2013

လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ

ဧပြီ(၂၄)

၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးအမှတ်(၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်းသတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်းစိမ်း(၂၀)နှစ်၏နေအိမ်သို့ အသွင်ယူသက်သေအား ကြိုတင်မှတ်သားထားသည့် ငါးထောင်တန်ငွေစက္ကူ (၃)ရွက်ပေးအပ်၍ ပျော်ပါးစေပြီး သက်သေများနှင့်အတူဝင်ရောက်စစ်ဆေးရာ နေအိမ်အိပ်ခန်းအတွင်း အသွင်ယူသက်သေနှင့်အတူ ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်နေသူ မစန္ဒာဦး(၃၃)နှစ်နှင့် မနန်းပိုးအိမ် (၂၅)နှစ်၊ ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ရဲလှိုင်ဦးတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ရဲလှိုင်ဦးအား လားရှိုး အမှတ်(၁)ရဲစခန်း(ပ)၁၇၅/၂၀၁၃၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(က)ဖြင့်လည်းကောင်း၊ မစန္ဒာဦးနှင့်မနန်းပိုးအိမ်တို့ ၂ ဦးအား (ပ)၁၇၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(က)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment