Pages

Monday, April 22, 2013

မြို့နယ်စည်ပင်နှင့်ပေါင်းပြီး ဈေးဝယ်/ရောင်းသူကို အနိုင်ကျင့်နေ

ဧပြီ(၂၂)



သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် ၊ပေါက်နေရပ်ကွက် ၊ရဲစခန်းလမ်း နှင့် ရတနာသိင်္ဂ ဧည့်ကြိုရှေ့ စည်ပင်သာယာဈေးအနီးတွင် ဆိုင်ကယ် အပ်နေရာသည် ကျနော် ကျမတို့၏ ဈေးဆိုင်ရှေ့တည့်တည့် တွင်ပိတ်ပြီး လူဝင်လူထွက်လမ်းမရှိအောင် ဆိုင်ကယ် များ တစ်စီး ၂၀၀ ကျပ်ဖြင့် အခကြေးငွေယူပြီး ထား စေသည်။ ကျနော်/မ တို့ ဈေးဆိုင်ရှေ့ ကို ဆိုင်ကယ်အပ်တဲ့နေရာ မလုပ်ဖို့ သွားပြောလဲမရပါဘူး။ အဆဲခံရတာပဲ ၊စည်ပင်ကို သွားတိုင်ပြန်တော့ ဒါစည်ပင်နယ်နိမိတ်ပဲတဲ့ ၊ဘယ်မှာသွားတိုင်ရမလဲ ကျနော် ကျမ တို့ဈေးဆိုင် ပိုင်ရှင်တွေအတွက် အားကိုးရာမဲ့ဖြစ်နေပါပြီ၊ ကျနော် ကျမ တို့ ဆိုင်ကို ဈေးလာဝယ် သူများ ကိုလဲ  သူတို့က ဆိုင်ကယ်ထားခ လာကောက် တယ်။ မပေးရင် လူမဆန်အောင် ဆဲဆိုကြိမ်းမောင်းပြော ဆိုကြတယ် ။ထိုစည်ပင်နှင့်ပေါင်းပြီး ဆိုင်ကယ်ထားခ ကောက်စား နေသူများ သည် ဗမာလူမျိုးစစ်မှုထမ်း ဟောင်း အဖွဲ့နှင့်နီးစပ်နေသူများဖြစ်ပြီး နမ့်ခမ်းစည်ပင်သာယာထံ တစ်နှစ် ကျပ်ငွေ ၃ သိန်းပေးဆောင်ပြီး လုပ်ကိုင်နေကြောင်းသိရသည်။ အထက်ပါအကြောင်းအရာကို သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများသိရှိစေပြီး အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးပါရန် သျှမ်းသံတော်ဆင့်သတင်းဌာန မှတဆင့်တင်ပြအပ်ပါတယ်။

                                                                                                          မှ-နမ့်ခမ်းဈေးသည်
သျှမ်းသံတော်ဆင့် 

No comments:

Post a Comment