Pages

Tuesday, April 23, 2013

ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ

ဧပြီ(၂၃)

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေအကြား  တဲ့အတွက် တန့် ယန်းမြို့၊ အောင် မင်္ဂလာကျောင်းတိုက် မှာဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည်တွေ နေ့စဉ်ရက် ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာအခက်အခဲနဲ့ စတင်တွေ့ကြုံနေရပြီလို့ သိရပါတယ်။
 
 
ပြီးခဲ့တဲ့ မတ်လကုန်လောက်ကတည်းက စတင်ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲငယ်တွေကြောင့် အဲဒီဒုက္ခသည်စခန်းမှာ ဒေသခံဒုက္ခသည်တွေ နေ့စဉ် လိုလို လာရောက် ခိုလှုံနေကြရာမှာ အခုဆိုရင် ဒုက္ခသည် ၅၀၀ နီးပါးအထိ တိုးမြင့်လာပြီဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သီတင်းတစ်ပတ်စာသာ ကျန်ရှိတော့တယ်လို့  ဒုက္ခသည်စခန်းက တာဝန်ရှိသူ ဦးစိုင်းလှရွှေက RFA ကို ပြောပါတယ်။

"စားနပ်ရိက္ခာက အခြေမနေမကောင်းတော့ နည်းနည်းလိုနေပြီ၊ ထပ်ရောက်တဲ့ သူတွေကို ပေးဖို့ မရှိတော့ဘူး၊ အိုးခွက်၊ ပန်းကန်တွေလည်းလိုတယ်"

အဲ့ဒီဒုက္ခသည်စခန်းကို World Food Program ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့နဲ့ လူမှုရေးအဖွဲ့ အစည်းတွေ က စားနပ်ရိက္ခာတွေ အကူအညီပေးခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း နောက်ထပ်ရောက်ရှိလာတဲ့ ဒုက္ခသည် ၁၀၀ နီးပါးအတွက် အစားအသောက်နဲ့ ခြုံစောင်တွေ လိုအပ်နေသေးတယ်လို့ဆိုပါတယ်။
 
အာရ်အက်ဖ်အေ

No comments:

Post a Comment