Pages

Tuesday, April 23, 2013

မိုးနဲမြို့ နယ်တွင် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ဒေသခံတစ်ဦးအား ပြန်ပေးဆွဲ ငွေတောင်းယူမှုဖြစ်ပွား

ဧပြီ(၂၃)
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုးနဲမြို့နယ်၊ နားခံကျေးရွာတွင် ယမန်နေ့က ရွာသားတစ်ဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ မှ ဖမ်းဆီးသွားပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ အဲဒီနေ့ မနက်ကိုးနာရီလောက်မှာ ယွက်ဆစ်အဖွဲ့က ငါးဦးလောက် ရွာထဲကို ၀င်လာတယ်၊ လက်ထဲမှာလည်း သေနတ်တွေကိုင်ထားတော့ အိမ်ထဲက အိမ်ပြင်မထွက်ရဲ ကြဘူး၊ ပြည်ခိုင်ဖြိုး ပါတီ က ကျေးရွာစည်းရုံးရေးမှူး အိမ်ကို ၀င်သွားတာတွေ့တယ်၊ ငါးမိနှစ်လောက်ကြာတော့ အဲဒီအဖွဲ့နဲ့ အတူ ကျေးရွာစည်းရုံးရေးမှူး ပါသွားတယ် ၊ ဒီနေ့ထိတော့ ရွာထဲကို ပြန်ရောက်မလာသေးဘူး၊ ယွက်ဆစ်အဖွဲ့က ခေါ်သွားရင် ပြန်လာတဲ့လူ မရှိသ လောက်ပါပဲ၊ ရွာထဲမှာ ပြောနေကြတာတော့ စည်းရုံးရေးမှူးကို ယွက်ဆစ်အဖွဲ့က ပြန်ပေးဆွဲသွားတာ ဖြစ်ပြီးတော့ ငွေ (၁၅) သိန်းနဲ့လာရွေး မှ ပြန်လွှတ်ပေးမယ်လို့လည်း ပြောနေကြတယ်၊ ငွေမရရင်တော့ အသတ်ခံရမှာပေါ့၊ သူတို့လက်ထဲ မှာသေနတ် ကိုင် ထားတော့ ကျွန်တော်တို့ရွာသားတွေ ဘာပြန်ပြောရဲမှာလဲ၊ အသက်အန္တရာယ်အတွက် အမြဲစိုးရိမ်နေရတယ် ” ဟု ရွာခံတစ်ဦးက ပြောပြသည်။

၂၀၁၂ ခု ဒီဇင်ဘာလအတွင်းတွင် ၀မ်ဆင်းရွာမှ ဒေါ်သင်းမေနှင့် ဦးရာကျော်၊ ၂၀၁၃ ခု ဇန်န၀ါရီလတွင် နမ့်မော်ခေါက်ဆင့်ရွာသား ဇော်ဝမ်းနှင့် ၀င်းညွန့် ၊ ၂၀၁၃ ခု မတ်လတွင် သီပေါမြို့ ဇာတ်စုရပ်ကွက်မှ ဦးလှရွှေ တို့အား ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ပြန်ပေးဆွဲခဲ့ပြီး ငွေနှင့်ပန်လည် လဲလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပြီးသော်လည်း ဒေသခံ တိုင်းရင်းသားများအား လူသစ်စုဆောင်းခြင်း၊ နှစ်စဉ်ဆက်ကြေးငွေ ကောက်ခံခြင်း၊ ဘိန်းခွန်ငွေကောက်ခြင်း၊ လူပြန်ပေးဆွဲ ငွေတောင်းခံခြင်းများ ဆက်လက်ဆောင် ရွက်နေခြင်းကြောင့် ဒေသခံများမှာနေရပ်ကို စွန့်ခွာထွက်ပြေးနေကြရပြီး အချို့မှာစွန့်ခွာထွက်ပြေးရန် စဉ်းစားနေကြရပြီဖြစ်ကြောင်း သိရှိရပါသည်။
မိုးနဲမြို့ နယ်တွင် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ဒေသခံတစ်ဦးအား ပြန်ပေးဆွဲ ငွေတောင်းယူမှုဖြစ်ပွား

23/4/2013

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုးနဲမြို့နယ်၊ နားခံကျေးရွာတွင် ယမန်နေ့က ရွာသားတစ်ဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ယွက်ဆစ်အဖွဲ့ မှ ဖမ်းဆီးသွားပြီး ငွေတောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ အဲဒီနေ့ မနက်ကိုးနာရီလောက်မှာ ယွက်ဆစ်အဖွဲ့က ငါးဦးလောက် ရွာထဲကို ၀င်လာတယ်၊ လက်ထဲမှာလည်း သေနတ်တွေကိုင်ထားတော့ အိမ်ထဲက အိမ်ပြင်မထွက်ရဲကြဘူး၊ ပြည်ခိုင်ဖြိုးပါတီက ကျေးရွာစည်းရုံးရေးမှူး အိမ်ကို ၀င်သွားတာတွေ့တယ်၊ ငါးမိနှစ်လောက်ကြာတော့ အဲဒီအဖွဲ့နဲ့အတူ ကျေးရွာစည်းရုံးရေးမှူး ပါသွားတယ် ၊ ဒီနေ့ထိတော့ ရွာထဲကို ပြန်ရောက်မလာသေးဘူး၊ ယွက်ဆစ်အဖွဲ့က ခေါ်သွားရင် ပြန်လာတဲ့လူ မရှိသ လောက်ပါပဲ၊ ရွာထဲမှာ ပြောနေကြတာတော့ စည်းရုံးရေးမှူးကို ယွက်ဆစ်အဖွဲ့က ပြန်ပေးဆွဲသွားတာ ဖြစ်ပြီးတော့ ငွေ (၁၅) သိန်းနဲ့လာရွေးမှ ပြန်လွတ်ပေးမယ်လို့လည်း ပြောနေကြတယ်၊ ငွေမရရင်တော့ အသတ်ခံရမှာပေါ့၊ သူတို့လက်ထဲမှာသေနတ်ကိုင် ထားတော့ ကျွန်တော်တို့ရွာသားတွေ ဘာပြန်ပြောရဲမှာလဲ၊ အသက်အန္တရာယ်အတွက် အမြဲစိုးရိမ်နေရတယ် ” ဟု ရွာခံတစ်ဦးက ပြောပြသည်။

၂၀၁၂ ခု ဒီဇင်ဘာလအတွင်းတွင် ၀မ်ဆင်းရွာမှ ဒေါ်သင်းမေနှင့် ဦးရာကျော်၊ ၂၀၁၃ ခု ဇန်န၀ါရီလတွင် နမ့်မော် ခေါက်ဆင့်ရွာသား ဇော်ဝမ်းနှင့် ၀င်းညွန့် ၊ ၂၀၁၃ ခု မတ်လတွင် သီပေါမြို့ ဇာတ်စုရပ်ကွက်မှ ဦးလှရွှေ တို့အား ရှမ်းပြည် တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့မှ ပြန်ပေးဆွဲခဲ့ပြီး ငွေနှင့် ပြန်လည်လဲလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ယွက်ဆစ်အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပြီးသော်လည်း ဒေသခံတိုင်းရင်းသားများအား လူသစ်စုဆောင်းခြင်း၊ နှစ်စဉ်ဆက်ကြေးငွေ ကောက်ခံခြင်း၊ ဘိန်းခွန်ငွေကောက်ခြင်း၊ လူပြန်ပေးဆွဲ ငွေတောင်းခံခြင်းများ ဆက်လက်ဆောင်ရွက်နေခြင်းကြောင့် ဒေသခံများမှာနေရပ်ကို စွန့်ခွာထွက်ပြေးနေကြရပြီး အချို့မှာစွန့်ခွာထွက်ပြေးရန် စဉ်းစားနေကြရပြီဖြစ်ကြောင်း သိရှိရပါသည်။
စော်ဘွားလေး

No comments:

Post a Comment