Pages

Saturday, April 27, 2013

အစ္စရေး တိုက်လေယာဉ် တစ်စင်း ဟိုင်ဖာ ကမ်းရိုးတန်းသို့ ဝင်ရောက်လာသည့် မောင်းသူမဲ့ လေယာဉ်အား ကြားဖြတ် တိုက်ခိုက်

ဧပြီ(၂၇)
အစ္စရေး နိုင်ငံ ဟိုင်ဖာမြို့ မြောက်ဘက် ကမ်းရိုးတန်းသို့ ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက ဝင်ရောက်လာသည့် မောင်းသူမဲ့ လေယာဉ် တစ်စင်းအား အစ္စရေး လေတပ်မှ F-16တိုက်လေ ယာဉ် တစ်စင်းက ပစ်ချခဲ့ ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် အစ္စရေး လေပိုင်နက် အတွင်းသို့ မြောက်ဘက်မှ ဖြတ်ကျော် ဝင်ရောက်လာခြင်း ဖြစ်ပြီး ၎င်းသည် လက်ဘနွန် နိုင်ငံမှ ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့၏ လက်ချက် ဖြစ်သည်ဟု ယူဆရကြောင်း သိရသည်။ အစ္စရေး လေတပ်မှ လေယာဉ်များကို လက်ဘနွန် နိုင်ငံတောင်ပိုင်းတွင် ဖြန့်ချ ထားကြောင်း လက်ဘနွန် သတင်းဌာန တစ်ခုက ဧပြီ ၂၅ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့သည် နိုင်ငံအတွင်း ဖြစ်ပေါ်လာမည့် မည်သည့် စိန်ခေါ်မှုမျိုး မဆို တန်ပြန် တိုက်ခိုက် သွားရန် ပြင်ဆင် ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ပြောကြားထားသည်။

ယခုကဲ့သို့ အစ္စရေး လေပိုင်နက် အတွင်း မောင်းသူမဲ့ လေယာဉ် ဝင်ရောက်မှုသည် ခြောက်လအတွင်း ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

http://bit.ly/15NWJbZ

No comments:

Post a Comment