Pages

Monday, April 29, 2013

“ဝေဠုကျော် ဖောင်ဒေးရှင်းထောင်ဖို့ စီစဉ်နေပြီ”

ဧပြီ(၂၉)

ဝေဠုကျော်ရဲ့ သွေးမေတ္တာ ပရဟိတအဖွဲ့က ဦးစီးပြီး ဘာသာပေါင်းစုံပါဝင်တဲ့ သွေးကွန်ရက်အဖွဲ့ ကြီးက ဧပြီ ၂၇ရက်နေ့မှာ သွေးလှူဒါန်းခဲ့ပါတယ်။ လူမျိုးဘာသာ ပေါင်းစုံ ပါဝင်တဲ့ သွေးကွန်ရက်အဖွဲ့ကို တည်ထောင်ဖြစ်ရခြင်းအကြောင်းကို ဝေဠုကျော်က “လူမျိုးဘာသာ ပေါင်းစုံ၊ ညီညွတ်ရေး၊ သွေးကွန်ရက်ဆိုတာကို ဖွဲ့စည်းပြီး သွေးလှူဒါန်း ဖြစ်တာပါ။ ဒီထဲမှာဗုဒ္ဓဘာသာရော၊ ဟိန္ဒူရော၊ ခရစ်ယန်ရော၊ မူဆလင်ရော အားလုံးပေါင်း ဘာသာ ၄ခုလုံးပါပါတယ်။ သွေးက လူသားတိုင်းမှာ ဘာသာ လည်းမကွဲဘူး၊ လူမျိုးလဲမကွဲဘူး။ တူညီစွာ လိုအပ်နေကြတယ်။ တူညီစွာ လည်ပတ်နေကြတယ်။ ဘယ်ဘာသာက သွေးကိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာကို ထည့်လို့ရသလို၊ ဗုဒ္ဓဘာသာက သွေးကိုလည်း မည်သည့်ဘာသာကိုမဆို ထည့်လို့ရပါတယ်။ သွေးကွန်ရက်တစ်ခုဖြစ်သွားမယ်ဆိုရင် တာမွေမှာရှိတဲ့ အသင်းကို သွေးလှမ်းတောင်း ရင်လည်း အင်းစိန်ဆိုရင် အင်းစိန်မှာရှိတဲ့ သွေးအသင်းကို လွှဲပေးလိုက်ပါမယ်။ အဲဒါဆိုရင်ပို့ရ၊ယူရတာလည်း မြန်တယ်။ ကုန်ကျစရိတ်လည်း လျော့သွားတယ်။ အချိန် လည်းတိုတောင်းသွားမယ်။ မြန်ဆန်သွားမယ်”လို့ သွေးကွန်ရက်ဖွဲ့စည်းရခြင်းအကြောင်းကို ပြောပါတယ်။ ဝေဠုကျော် က ဖောင်ဒေးရှင်တစ်ခုကို တည်ထောင်ထားပြီး စတင်ဆောင်ရွက် ဖို့ စာတင်ထားတုန်းပဲဖြစ်ကြောင်း သိရပါတယ်။ ဝေဠုကျော်ဖောင်ဒေးရှင် တည်ထောင်ရခြင်းရည်ရွယ်ချက်ကိုတော့ ”ငြိမ်းချမ်းမှုကို ဝိုင်းဝန်းရန်၊ ဒေသခံများ၏ ပညာရေးကို ကူညီ သင်ကြားရန်၊ ဒေသခံများ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်၊ ဒေသခံများ၏ ဒေသ ဖွံ့ဖြိုးရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ရန်ဆိုတဲ့ ၄ချက်ပါပဲ။ ဖောင်ဒေး ရှင် အတွက်ဘယ်သူ့ဆီကမှတော့အလှူခံဦးမှာမဟုတ်သေးပါဘူး။ ကျွန်တော် ကိုယ်တိုင်ရုန်းကန်ရှာဖွေထားတဲ့ငွေနဲ့စတင် ပြီး လုပ်ပါမယ်”လို့ ပြောပါတယ်။
popular

No comments:

Post a Comment