Pages

Monday, April 22, 2013

ဒူဘိုင်းရဲများ Lamborghini ပြိုင်ကားကို အသုံးပြု

ဧပြီ(၂၂)

ယူအေအီးနိုင်ငံက ဒူဘိုင်းမြို့ ဟာ ကမ္ဘာ့အချမ်းသာဆုံး မြို့ မှာထဲမှ ထိပ်တန်း နိုင်ငံ တစ်ခုအဖြစ် ပါဝင်တာ လူတိုင်း သိပါတယ်။ 

ကမ္ဘာမှာ လူချမ်းသာတွေပဲ စီးတဲ့ ကမ္ဘာ့ ဈေးကြီး ပြိုင်ကားတွေကို သူတို့က ရဲကားအဖြစ် အသုံးပြုပါတယ်။ နေရာတိုင်းတော့ မဟုတ် ပါဘူး။ ဒူဘိုင်းမြို့ ပေါ်မှာ ပိုအသုံးများခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ ကားက စတိုင်လုပ်ထားတာမဟုတ်၊ ဓာတ်ပုံ လှည့်ကွက် မဟုတ်ပါဘူး။ 

ဒူဘိုင်းမှာ တကယ်တာဝန်ထမ်းဆောင်နေတဲ့ Lamborghini Aventador ဖြစ်ပါတယ်။ တစ်စီးတည်းတောင် မဟုတ်ပဲ အစီးရေ များစွာ ရှိပါတယ်။ အားလုံးကို မြို့ စောင့်ရဲများ အသုံးပြုဖို့အတွက် ဝယ်ယူထားပေးခြင်း ဖြစ်ပါတယ်။ High speed နဲ့ မောင်းတဲ့ကား မှန်သမျှ အလွယ်တကူ ဖမ်းနိုင်အောင် အစိုးရမှ Lamborghini ကား Brand ကိုရွေးချယ်လိုက်ခြင်း ဖြစ်ပါတယ်။ Lp 700 အမျိုးအစား ဖြစ် တဲ့ ယင်း Lambo ဟာ တစ်နာရီ ကီလိုမီတာ ၃၅၀ သွားနိုင်ပါတယ်။ 

တစ်စီးကို ကာလတန်ဖိုး ယူရိုငွေ ၄သိန်း၂ သောင်းနဲ့ အီတလီ Lamborghini မှ တိုက်ရိုက်ဝယ်ယူလျက် ရှိကြောင်း သိရပါတယ်။ 
 
 Automobile

-
Ref: lambo

Re-Post By ACM 22-4-2013
အေးချမ်းမွန် Credit & Copy From >ColayOnline:Automobile
<<Thank

No comments:

Post a Comment