Pages

Sunday, April 28, 2013

ဆိုင်ကယ်နှင့်သယ်ဆောင်သော မူးယစ်ဆေးဝါးဆေးပြားတစ်သိန်းကျော်ဖမ်းမိ

ဧပြီ(၂၈)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မူဆယ် မူးယစ်(အထူး)အဖွဲ့မှ (၁၇-၃-၂၀၁၃)ရက် နံနက်ပိုင်းက မြို့ အ၀င်မုဒ်ဦး အေးရှားဝေါလ်ဂိတ် အနီး တာဝန်ထမ်းဆောင်နေစဉ် တရုတ်နိုင်ငံလုပ်LIFAN-125 အမျိုးအစား အစိမ်းပုတ်ရောင် ဆိုင်ကယ်တစ်စီးအား သက်သေ များနှင့်အတူ ရပ်တန့်စစ်ဆေးရှာ ဖွေရာ၊ ဆိုင်ကယ်ထိုင်ခုံနောက် တွင် တင်ဆောင်လာသည့် ဂျပ် စက္ကူဖာနှင့်ထည့်ထားသောAi Tang တံဆိပ်ပါ ဆောင်းဘောက် (၂)လုံးအတွင်း သိုဝှက်သယ် ဆောင်လာသည့် စက္ကူ၊ 


ပလပ် စတစ်တိပ်တို့ဖြင့် ထုတ်ပိုးထား သော WY့ စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈) ပြားပါ (၇၅၀)ထုတ် ဆေးပြား စုစုပေါင်း(၁၄၈၅၀၀)ပြား၊ စုစု ပေါင်းအလေးချိန်(၁၃.၃၆၅) ကီလိုတန်ဖိုးအားဖြင့် ခန့်မှန်း ကျပ် (၂၉၇၀)သိန်းဖိုးခန့် ရှာဖွေတွေ့ရှိ ခဲ့သည်။

ဆေးပြားများ သယ်ဆောင် လာသူ စိုင်းဆမ်စောအား မူးယစ် ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေး ပြားလက်ဝယ်တွေ့ရှိသူအပေါ် ရဲ အုပ်ဇော်မင်းသိန်းမှ တရားလိုပြု လုပ်၍ မူဆယ်ရဲစခန်း မယ(ပ) ၂၈/၂၀၁၃ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)အရ အမှုဖွင့်အရေးယူ ထားလျက်ရှိပြီး၊ ၎င်းအမှုနှင့် ဆက်စပ်တရားခံများ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး နယ်မြေခံရဲတပ် ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သိန်းဇော်(ရွှေလီဦး)
The Hot News

No comments:

Post a Comment