Pages

Monday, April 29, 2013

သျှမ်းမြောက်နမ့်ခမ်းတွင် ကျားခေါင်း SNLD ပါတီရုံးဖွင့်လှစ်

ဧပြီ(၂၉)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၊ကောင်းနောင်မိုရပ်ကွက် အိမ်အမှတ်(၇၂)  တွင် ယမန်နေ့ မနက် ၉းဝဝ နာရီ က ကျားခေါင်း  SNLD  ပါတီရုံးကို ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။


“ရုံးဖွင့်ပွဲကို SNLD ပါတီ ဥက္ကဌဦးခွန်ထွန်းဦး ကိုယ်တိုင်တက်ရောက်တယ်။
ဒေသခံလူထု တစ်ထောင် ကျော် တက်ရောက်တယ်၊ အစိုးရဌာနဆိုင်ရာကိုဖိတ်ကြားထားပေမယ့် မတက်ရောက်ကြဘူး ၊ SB  စစ် ထောက်လှမ်းရေး ၃ ယောက်ဘဲ  ဓါတ်ပုံလာရိုက် နေတာတွေ့ရ တယ် ” ဟု SNLD  ပါတီဝင်လူငယ် တစ်ဦးက သျှမ်းသံတော် ဆင့်သို့ပြောပြသည်။

ရုံးဖွင့်ပွဲအခမ်းအနားတွင် သျှမ်းအလံတင်သီချင်း (ခေးရာဇာ) ဖွင့် အစီအစဉ်စတင်ပြီး  SNLD ဥက္ကဌ ဦးခွန်ထွန်း ဦး၊ နမ့်ခမ်းကျားခေါင်းပါတီဥက္ကဌ ဦးစိုင်းလိန်မြတ်နှင့်ကျားဖြူပါတီမှ ဦးစိုင်းစောလှတို့က သျှမ်း ဘာသာဖြင့် မိန့် ခွန်းအသီးသီးပြောကြားပြီး တက်ရောက်အားပေးသော ဧည့်ပရိသတ်များအား  ၄င်းရုံးရှေ့ရှိ တိုင်းဧည့်ကြို မင်္ဂလာ ခန်းမတွင် ဂုဏ်ပြုနေ့လည်စာ တည်ခင်းကျွေးမွေးကြကြောင်း ၄င်းကဆိုသည်။

“ဦးခွန်ထွန်းဦးရဲ့မိန်းခွန်းက  အင်မတန်မှလေးနက်ပါတယ်။ တိုင်းရင်းသားတန်းတူ အခွင့်အရေး ရရှိ ရေးနှင့် ကိုယ်တိုင်ပြဌာန်းခွင့်၊ သျှမ်းလူငယ်များသျှမ်းစာတတ်မြောက်ရေးနှင့် သျှမ်းပညာသင်ကျောင်း ဖွင့်လှစ် နိုင်ရေး ၊  သျှမ်းလူမျိုးအခွင့်အရေးအပြည့်အဝရရှိရေး ၊ အစရှိ ပါတီမူလုပ်ဆောင်ချက်တွေ ပြော သွားတယ် ”  ဟု ကျား ခေါင်း (SNLD) ပါတီရုံး ဖွင့်ပွဲအခမ်းအနား တက်ရောက်သောဒေသခံ  လုံးစိုင်းယီ က ပြောသည်။

ကျားခေါင်း (SNLD) ပါတီသည် ၁၉၈၈ခုနှစ် အရေးအခင်းနောက်ပိုင်းတွင်စတင်တည်ထောင်သော ပထမဆုံး သျှမ်းပါတီဖြစ်ပြီး ၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲတွင် အနိုင်ရသောပါတီဖြစ်ပါသည်။

သျှမ်းသံတော်ဆင့် 

No comments:

Post a Comment