Pages

Thursday, April 11, 2013

SSA (ယွက်စစ်)အဖွဲ့မှ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းစိုက်တောင်သူများထံမှ ဘိန်းခွန်ငွေများ ကောက်ခံ


ဧပြီ(၁၁)



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ ဘိန်းစိုက်တောင်သူများထံမှ SSA (ယွက်စစ်) အဖွဲ့ မှ ဧပြီ ၁၅ ရက်နေ့နောက်ဆုံးရက်သတ်မှတ်ပြီး ဘိန်းခွန်များကောက်ခံထားသည်ဟု ဒေသခံများ၏ ပြောပြ ချက် အရ သိရှိရသည်။
“မနေ့က ရွာထဲကို SSA(ယွက်စစ်) အဖွဲ့တစ်ဖွဲ့ သေနတ်တွေ တကားကားနဲ့ ၀င်လာတယ်၊ ဘိန်းစိုက် တောင်သူတွေဆီကနေ နှစ်စဉ်ဘိန်းခွန်ကြေးလာ ကောက်တာပါ၊ ဧက ကျဉ်းတာ ကျယ်တာပေါ်မူတည်ပြီးပေးရ တာပေါ့၊ ဧပြီ ၁၅ ရက်နေ့အပြီးပေးရမှာ၊ လေးလ(၁)ကြိမ်ကောက်တာဆိုတော့ ဒီ ၂၀၁၃ ပထမဆုံးလေးလ အတွက်ပါ၊ တစ်ဧကကို ငွေ(၂)သိန်းပေးရပါတယ်၊ အခုရာသီချိန်ကတော့ ရေသွင်းစိုက်တဲ့ ဘိန်းခင်းတွေပါ၊ အစိုးရဌာနဆိုင်ရာတွေက လာဖျက်ရင်တော့ အရင်းရှုံးတာပေါ့၊ ဒီရွာနီးချုပ်စပ်က ဘိန်းခင်းတွေကတော့ နှစ်တိုင်း အဖျက်ခံရပါတယ်၊ ဝေးတဲ့နေရာကိုတော့ ဌာနဆိုင်ရာတွေမသွားကြဘူး၊ SSA (ယွက်စစ်)အဖွဲ့တွေကအဲဒီနေရာ တွေမှာ အမြဲလိုလိုရှိနေကြတာ၊ မနေ့ကပဲရွာနားက (၃)ဧကလောက်ရှိတဲ့စိုက်ခင်းကို ဌာနဆိုင်ရာတွေ လာဖျက် ဆီးသွားတယ် ” ဟု ကျောင်းယျရွာသားတစ်ဦး၏ ပြောပြချက်အရသိရသည်။
ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အနီးဝန်းကျင်တစ်ဝိုက်၌ စိုက်ပျိုးထားသော ဘိန်းခင်းများမှာ မိုးရာသီဘိန်းခင်းမဟုတ်ဘဲ ရေသွင်းစိုက်ပျိုးထားသော ဘိန်းခင်းများဖြစ်သည်ဟု သိရသည်။ ယခုအချိန်တွင် ၎င်းဘိန်းခင်းများမှာ အမြင့် ၂ ပေခန့်ရှိပြီး မကြာခင်အစေးခြစ်ရတော့မည်ဟု သိရသည်။
SSA(ယွက်စစ်)အဖွဲ့မှ ယခင်နှစ်များတွင် ဘိန်းခွန်အဖြစ် ချက်ပြီးသားဘိန်းများကို အလေးချိန်ဖြင့်ယူခဲ့သော် လည်း ယခုနှစ်ငွေကိုသာ ယူမည်ဖြစ်ကြောငသ်း အစိုးရဌာနဆိုင်ရာများမှ ဘိန်းခင်းဖျက်ဆီးရေးကို စီမံချက်များ ဖြင့် ပြုလုပ်နေသောကြောင့်ဘိန်းခင်းများမှဘိန်းရရန်မသေချာတော့သဖြင့် ငွေကိုသာယူနေခြင်းဖြစ်သည်ဟု ဒေသခံများ
၏ပြောပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment