Pages

Tuesday, April 16, 2013

SSPP/SSA ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲ ?


ဧပြီ(၁၆)


SSPP/SSAခေါင်းဆောင်ပိုင်းအနေဖြင့် ငြိမ်းချမ်းရေးအားလိုလားတောင်တလျက်ရှိကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့များနှင့် တွေဆုံဆွေးနွေးမှုများတွင် ရေပက်မ၀င်ဆွေးနွေးခဲ့ရာများစွာ ကျေနပ်အားရ ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။

သို့သော် SSPP/SSA လက်အောက်ခံတပ်ဖွဲ့များအနေဖြင့် အမိန့်နာခံမှုအားနည်းစွာဖြင့်ငြိမ်းချမ်းရေး ယုံကြည်မှု တည်ဆောက်လျက်ရှိသည့် အခြေခံအုတ်မြစ်ကိုပြောင်ပြောင်တင်းတင်း ရိုက်ချိုးလျက် အပြုသဘောထက်အပျက်သဘောကို ဖော်ဆောင်လျက်ရှိကြောင်းအဆိုးဆုံးမှာ ၂၀၁၃ခုနှစ်၊ အေ(၁၅)ရက်နေ့(၁၀)နာရီမိနစ်(၄၀)တွင် နမ့်လောင်းနှင့် လောက်မိန်းရွာအကြားမိုင်းဆွဲတိုက်ခိုက်ခဲ့သည့် လုပ်ရပ်သည်အလွန် တရာဆက်စုတ်ဖွယ်ဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် အဆိုပါလုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ မဟာသင်္ကြန်ကာလအတွင်း ရဟန်း၊ ရှင်သာမဏေသာသနာဘောင်ဝင်ရောက်မည့် တပ်မတော်သားများ၏ သွားလာမှုအားသိလျက် ဖြင့်တိုက်ခိုက် ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။

တပ်မတော်သည် ပြည်ထောင်စုတပ်မတော်ဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ချင်း၊ ဗမာ ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားရှိသောကြောင့် ယခုဖြစ်စဉ်တွင် ကျဆုံးသွားခဲ့သည့် စိုင်းဝေလုနှင့် အိုက်စိုင်းတို့မှာ ရှမ်းလူမျိုးများဖြစ်ပြီး ၄င်းတို့၏ မိသားစုများမှာ ဖခင်ပြန်အလာကို စောင့်မျှော်နေမည်မှာ . . . . . . . .?

ဒေါ်နန်းမြ (ခေတ္တ မိုင်းရယ်)

ရွှေလားရှိုး 

No comments:

Post a Comment