Pages

Saturday, April 27, 2013

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ

ဧပြီ(၂၇)

ဂျက်စတင်ဘီဘာ ရဲ့ ကားပေါ်မှာ ဆေးဝါးများနှင့် Stun gun တွေ့ရှိ  ======================================  April 27, 2013/ ZinYawNews  ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား  ဂျက်စတင်ဘီဘာရဲ့ ခရီးသွားကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲအရာရှိက ပြောကြားပါတယ်။  သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ်အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။ ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။  ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်။  Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့မှာ ပါမစ်မရှိပါဘူး။  ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။  ဘီဘာဟာ ဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာ ဖင်လန်မှာ ဖျော်ဖြေရမှာဖြစ်ပါတယ်။  NaingLinn(ZinYawNews) http://www.facebook.com/ZinYawNews

ဧပြီလ ၂၄ ရက်နေ့က ၁၉ နှစ်အရွယ်၊ ကနေဒါ ကမ္ဘာကျော် ပေါ့စတား ဂျက်စတင်ဘီဘာရဲ့ ခရီးသွား ကားပေါ်မှာ ဆေးဝါးများနှင့် Stun Gun တစ်လက်တွေ့ရှိထားကြောင်း ဆွီဒင်ရဲ အရာရှိ က ပြောကြား ပါတယ်။

သူ့ကားဟာ ဗုဒ္ဓဟူးနေ့ညပိုင်း မြို့တော်မှာ ဂီတဖျော်ဖြေရေးမလုပ်ခင် ဘီဘာနေထိုင်တဲ့ Stockholm ဟိုတယ် အပြင်မှာ ရပ်ထားတာဖြစ်ပါတယ်။
ဘီဘာအပါအ၀င် ခရီးသည် ၁၀ လောက် ကားပေါ်မတက်ခင်မှာ မူးယစ်ရဲအရာရှိများ နိုးနိုးကြားကြားနဲ့ စစ်ဆေးခဲ့တာလို့ Mr Jyllander ကပြောပါတယ်။ ဆေးဝါးအနည်းငယ်နှင့် Stun Gun တစ်လက် တွေ့ခဲ့ တယ်လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။

ခုတော့ ဆေးဝါးတွေကို မှု့ခင်းဆေးဝါးစစ်ဆေးရေးဌာနသို့ပို့ထားပြီး တိကျတဲ့အဖြေရဖို့ စစ်ဆေးနေ ဆဲဖြစ် ပါတယ်။

Stun Gun ကတော့ သေးငယ်ပဲဖြစ်ပြီး အဲ့ဒီနိုင်ငံမှာ ကိုင်ဆောင်ဖို့အတွက် ပါမစ်တော့ လိုအပ်ပါတယ်၊ သူတို့ မှာ ပါမစ်မရှိပါဘူး။

ဆေးဝါးတွေကတော့ ပျင်းထန်တဲ့မူးယစ်ဆေးဝါးမျိုးမဟုတ်ဘူးဆိုပေမယ့် တိကျတဲ့အဖြေရဖို့ ရက်အနည်းငယ်ကြာဦးမှာဖြစ်ပါတယ်၊ ဘီဘာနှင့်သူ့အဖွဲ့ဝင်တွေကိုတော့ လွပ်လပ်စွာ ပြည်ပထွက်ခွာခွင့်ပေးထားပါတယ်လို့ Mr Jyllander က ဆက်လပ်ရှင်းပြခဲ့ပါတယ်။

ဘီဘာဟာဥရောပတ၀ိုက်လှည့်လည်ခရီးသွားဖျော်ဖြေနေတာဖြစ်ပြီး သောကြာနေ့မှာဖင်လန်မှာ ဖျော်ဖြေရ မှာဖြစ်ပါတယ်။

ရွှေနိုင်ငံ

No comments:

Post a Comment