Pages

Tuesday, April 2, 2013

သင်္ကြန်ကာလအတွင်း ပါရမီ ၊အဓိပတိ ၊ ပါရမီ မီတာ Taxi နှင့် ရွှေမန်းသူအဝေးပြေးကားများ ၄ ရက်နားမည်

ဧပြီ(၂)

ရန်ကုန်တိုင်းဒေသကြီး သင်္ကြန်ကာလတွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးအောက်ရှိ ရွှေမန်းသူ အဝေးပြေး ၊ ပါရမီ၊ အဓိပတိမြို့တွင်းနှင့်ပါရမီ မီတာ TAXI ဌာနသုံးခုတွင်ရှိသော ကားများ အား သင်္ကြန်အကျ၊ အကြတ်၊ အတက် ၊ နှစ်ဆန်း(၁)ရက်နှင့်အတူ   (၄)ရက်ပိတ်သွားမည်ဟု ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးကုမ္ပဏီလီမိတက် မြန်မာ့စီးပွားရေးဦးပိုင်   မန်နေဂျင်းဒါရိုက်တာဦးမျိုးမြင့်မှ   ပြောသည်။
““ကားတွေကိုနားရတဲ့ အကြောင်းကတော့ ယာဉ်တွေကို    ပြင်ဆင်ဖို့ပါ။ သင်္ကြန်တွင်းဖြစ်တဲ့   အတွက် ကားထိုင်ခုံတွေပျက်စီး   မှာကြောက်လို့။ သို့သော် ပါရမီ   အဓိပတိမှာ မထသဗဟိုကနေ တာဝန်ပေးလာရင် စုပုံရှင်းဆိုတဲ့  အရံကား(၂၅)စီးထားပေးထား  မယ်။အရင်နှစ်တွေတုန်းက ရွှေ  တိဂုံဘုရားနဲ့ဆူးလေတို့မှာ လူများ  ပြီးပြန်စရာကားတွေ အခက်အခဲ    ရှိရင် အဘတို့က ရှေ့ ၊နောက် ၊   တောင်၊မြောက်ထားပေးထားတယ်။   နောက်တစ်ခုက သင်္ကြန်ကာလ   မှာဆိုရင် လက်မှတ်တွေ ကို မှောင်ခို   ရောင်းလို့မရပါဘူး။အဖွဲ့အရာရှိ   တွေဦးစီးပြီးတော့ တစ်ကယ်သွား  မဲ့သူကိုမှတ်ပုံတင်နဲ့ ရောင်းတယ်။   တောင်ဥက္ကလာက လ၀ကလည်း တစ်နှစ်လုံးလာထိုင်တယ်။ နောက်   ပြီး အဘတို့ အဝေးပြေး ကားတွေ ကို ပစ္စည်းတွေ၊လက်ဆွဲအိတ်တွေ    မှာမိုင်းရှင်းတယ်။ ဒါအပြင် လ၀က   လည်း မှတ်ပုံတင် စစ်ပေးတယ်””ဟု   မန်နေဂျင်း ဒါရိုက်တာဦးမျိုးမြင့် မှပြောသည်။
Hot News

No comments:

Post a Comment