Pages

Thursday, April 25, 2013

ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar

ဧပြီ(၂၅)
ရက်ရက်စက်စက်တော့ လှချင်မှလှပါ။ Hot ဖြစ်တာတော့ အမှန်ပပါပဲ။ သို့ပေမယ့် ရက်ရက်စက်စက် တော့ သေသွားရရှာပါပြီ။ Meenakshi Tharpar လို့အမည်ရတဲ့ အိန္ဒိယိ ဘောလိဝုဒ် မင်းသမီး တစ်ယောက်
ဖြစ်ပါတယ်။

အသက်က ၂၆ နှစ်သာရှိသေးပြီး ၂၀၁၁ ခုနှစ်ထွက်တဲ့ 404 အမည်ရ ထိတ်လန့်သဲဖို ရုပ်ရှင်နဲ့ နာမည်ရအောင်မြင်လာသူလေး ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာပဲ ကွယ်လွန် အနိစ္စ ရောက်ရခြင်းပါ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း မှာ Heroine အမည်ရ ရုပ်ရှင်ရိုက်ကူးစဉ် ဖြစ် ပါတယ်။ ရုပ်ရှင်မှာ အတူတွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နှစ်ဦး ဖြစ်တဲ့ Amit Jaiswal နဲ့ သူ့ချစ်သူ မိန်းကလေး Preeti Surin တို့ ဖြစ်ပါတယ်။ အပြင်မှာ Amit နဲ့ Preeti တို့ ၂ ဦးက ချစ်သူတွေပါ။

Tharpar အနေနဲ့ သူတို့ ၂ဦးနဲ့ အတွဲကျပြီး သူ့အနေနဲ့ ဥစ္စာပိုင်ဆိုင်မှု ဘယ်လောက်ရှိကြောင်း သွားကြွားမိပါတယ်။ အိန္ဒိယ ရူပီ ၁.၅ သန်း ရှိတယ်လို့ သွားကြွားမိတော့ ပြဿနာက စပါလေရော။

Amit တို့ နှစ်ဦးဟာ Tharpar ကိုပြန်ပေးဆွဲပါတော့တယ်။ ဟိုတယ် တစ်ခု မှာ ဖမ်းဆီးပြီး နယ်စပ်မှာနေတဲ့ Tharpar ရဲ့  အမေဆီကို ပိုက်ဆံဖုန်း
ဆက်တောင်းပါတယ်။ ပိုက်ဆံမပေးရင် Tharpar ရဲ့  ပေါ်ပင် ပုံများ တင်မယ်လို့ ပြောတော့ ရှိစုမဲ့စု ရူပီ ၆ သောင်း ပေးလိုက်ပါလေရော။

ရူပီ ၆ သောင်းရရှိပြီး မကျေနပ်နိုင်တဲ့ လင်မယားက Tharpar ကို
ခေါင်းဖြတ်သတ်လိုက်ပါတယ်။ Body ကိုရေတိုင်ကီမှာ ပစ်ခဲ့ပြီး
ခေါင်းကိုကျ ဘတ်စ်ကားပေါ်ကနေ လှမ်းပစ်ခဲ့ပါတယ်။ မွန်ဘိုင်းကို အပြန်မှာပေါ့။

နောက်တော့ တရားခံကို Tharpar ရဲ့  Sim card က တစ်ဆင့် ဖမ်းမိ ခဲ့ပါတယ်။ မင်းသမီးချောလေး Tharpar တစ်ယောက်တော့ ရက်ရက်
စက်စက် သေဆုံး သွားရရှာပါတယ်။ အလှကြောင့် သေတာ မဟုတ်ပါဘူး။ စကားကြောင့် သေတာပါ။

ဒီမှာ သင်ခန်းစာ တစ်ခုရပါတယ်။ "မိမိရဲ့  ဘယ်လိုအခြေအနေမျိုးကို ပဲ ဖြစ်ဖြစ် ကြွားဝါပြောဆိုခြင်းကို သတိထားရမယ်" ဆိုတာလေးပါ။ ပြီးခဲ့တဲ့ ဧပြီက Tharpar ရဲ့  ကွယ်လွန်ခြင်း တစ်နှစ်ပြည့် ဖြစ်ပါတယ်။

YoYarLay
ရက်ရက်စက်စက်လှ၍ ရက်ရက်စက်စက်သေရသူ Tharpar
Thursday, 25 April 2013

--
Ref: telegraph
YoYarLay

No comments:

Post a Comment