Pages

Monday, April 29, 2013

T.N.LA တပ်နှင့် မြန်မာစစ်တ​ပ် ရင်ဆိုင်တို​က်ပွဲဖြစ်

ဧပြီ(၂၉)

Photo: ရှမ်းမြောက်ပိုင်းတွင် တိုက်ပွဲဝင်နေသော TNLA တအောင်းညီအစ်ကို သွေးချင်းရဲဘော်များ
T.N.L.A ရဲဘော်များ

ဧပြီလ ၂၅ ရက်နေ့ ညနေ့ ၂ နာရီ ၄၅ မီနစ်ခန့် နမ့်ဆန်မြို့ ပန်စရီကျေးရွာအနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း (၂၅၆)နှင့်မြန်မာ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ T.N.LA တပ်ရင်း (၂၅၆)တပ်ခွဲမှူး..ဦးဆောင်သော တပ်ခွဲ မှ မြန်မာစစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ရာ မြန်မာစစ်သား ၄ဦးခန့်ကျဆုံး သွားသည့်ဟုသိရသည်။
မြန်မာစစ်ကြောင်းတွေ နမ့်ဆန်ဖက်မှာ တပ်ရင်းတွေ နေ့စဉ်နှင့်အမျှ တိုးချဲ့လာ တာရှိ တယ်.အခုဆိုရင် မြန်မာတပ်ရင်းတွေ ၁၀ ရင်းကျော်ရှိနေပြီ ၂၅ ရက်နေ့ညနေ့ပိုင်မှာ ပန်စရီ ရွာအနီးမှာ ကျနော်တို့ တပ်ခွဲမှ ဗုံခွဲတိုက်ခိုက်တော့ ရဲဘော် ၄ဦးလောက် ကျဆုံး သွား တယ်၊ မြန်မာစစ်ကြောင်းတွေက ပူးပေါင်းပြီလှုပ်ရှားနေတော့ ကျနော်တို့ ဘယ်တပ်ရင်းက ရဲဘော်ကျဆုံးတယ် ဆိုတာ မသိရသေး ဘူးဟု ပြောပြခဲ့ပါသည်။
 
ဒေသခံတစ်ဦးမှ ဗုံပေါက်သံတော့ ၃ခါကြားရတယ် အဲဒီဖြစ်တဲ့ ညနေ့ပိုင်းက ဗမာစစ်သား ၃ ယောက် သေသွားတယ်၊ ကျနောတို့ ရွာမှာ မြန်မာစစ်သားတွေ ခဏခဏလာပြီ ပလောင် စစ်သားတွေဘယ်မှာရှိလဲ ဘာညာနဲ့ စစ်ဆေးမေးမြန်ပြီး ချိန်ခြောက်လို့ ရွာသားတွေ ထိတ် လန့်နေကြရတယ်လို့ သူ့ကဆက်ပြောပြသည်။
မြန်မာစစ်တပ်များသည် ရှမ်းပြည်နယ် ကွတ်ခိုင်၊နမ်ခမ်း၊ မန်တုံ၊ နမ်ဆန်၊ မိုးမိတ်၊ မိုင်းလုံ စသည့် မြို့နယ်များတွင် လှုပ်ရှားနေသော တအာင်း(ပလောင်)ကချင်နှင့်ရှမ်းစသည့် တပ်ဖွဲ့ များကို ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေကြသည်။
 
PALAUNG NATIONAL
 

No comments:

Post a Comment