Pages

Thursday, April 11, 2013

Valdaro မှ ချစ်သူများ

ဧပြီ(၁၁)
Valdaro မှ ချစ်သူများ
Thursday, April 11, 2013

ကမ္ဘာ့လူသားတွေရဲ့မြင်ကွင်းကနေ နှစ်ပေါင်း ၆၀၀၀ လောက်ကွယ်ပျောက်နေ
ခဲ့တဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဒီကနေ့ခေတ်လူတွေ မှန်းဆပြော
ဆိုလို့မဆုံးနိုင်အောင်ဖြစ်ခဲ့ရပါတယ်...

2007 ခုနှစ်က အီတလီနိုင်ငံ Mautua မြို့အနီးက Valdaro ဆိုတဲ့ရွာငယ်လေး
မှာ အဆောက်အဦတစ်ခုဆောက်လုပ်ရာကနေ လူသားအရိုးစုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်.... ဒီအရိုးစုတွေကိုတူးဖော်ရာမှာ ရှေးဟောင်းသုတေ
သနပညာရှင် Elena Maria Menotti က ဦးဆောင်ခဲ့ပါတယ်...

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒီအရိုးစုနှစ်ခုဟာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူတို့သေဆုံးစဉ်က အသက် ၂၀ ထက်
မကျော်ဘူးဆိုတာနဲ့ ပျမ်းမျှအရပ်အမြင့် ၅ ပေ ၂ လက်မ လောက်ရှိတယ်လို့ သိရပါတယ်... 

ဒီအရိုးစုတွေဟာ Neolithic ခေတ် (ကျောက်ခေတ်သစ်) လို့သတ်မှတ်ကြတဲ့ BC 10200 ကနေ BC 4500 - 2000 ကာလလောက်အတွင်းကဖြစ်ပြီး သက်တမ်းအားဖြင့်တော့ နှစ်ပေါင်း ၆၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြ
ပါတယ်...

အရိုးစုနှစ်ခုဟာ တစ်ခုနဲ့တစ်ခုမျက်နှာချင်းဆိုင်ပြီး လက်မောင်းချင်း ခြေထောက်ချင်းချိတ်တွဲထားတဲ့ပုံစံနဲ့တည်ရှိနေကြတာဖြစ်ပါတယ်... Valdaro ရွာအနီးမှာရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ဒီအရိုးစုတွေကို Valdaro မှချစ်သူများ (Lovers of Valdaro) လို့ အမည်ပေးခေါ်ဝေါ်ကြပါတယ်...

လေ့လာသူတွေဟာ ချစ်သူနှစ်ဦးကို မကွဲမကွာစေပဲ မြေကိုအချပ်လိုက်ခွာပြီး တူးဖော်ခဲ့ပါတယ်... Valdaro က ချစ်သူတွေကို 2011 ခုနှစ် စက်တင်ဘာလ
အတွင်းက Mautua ရှေးဟောင်းသုတေသနပြတိုက်ရဲ့ အဝင်ဝမှာ လူထုရှေ့မှောက် ပထမဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသခဲ့တယ်လို့
သိရပါတယ်...

နှိုင်းရင့်နွေ

Myanmar International News

No comments:

Post a Comment