Pages

Saturday, May 11, 2013

မြန်မာတပ်စခန်းအတွက် ရွာသားများအား သောက်သုံးရေ နေ့စဉ် ခပ်ပေးခိုင်း


မေ ၁၁ ရက် 

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းရွာသားများက မြန်မာတပ်စခန်းအတွက် နေ့စဉ် သောက်သုံးရေ သွားခပ်ပေးနေရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရပါသည်။

“ဗမာစစ်သားတွေ စခန်းတဲ့ နေရာက ရေမရှိဘူးလေ။ ရွာသားတွေကို လုပ်အားပေး ခပ်ပေးခိုင်းတော့ အလုပ်ပျက် အကိုင် ပျက် ဖြစ်ရတော့ တယ်။ နေ့တိုင်း အလှည့်ကျ ဆိုင်ကယ် ၅ စီးနဲ့ပေါ့။ ပြီးခဲ့တဲ့လကတည်းက လုပ်ပေးနေရတာ။ ဒီလလဲ မရပ်သေးဘူး။ ဒီမိုကရေ စီလို့သာ ပြောတယ်။ ဒီလိုအဓမ္မ ခိုင်းစေမှုတွေက ရှိနေတုန်း” ဟု လားရှိုးရောက် နမ့်လောဝ်းဒေ သခံ တဦးက ပြောပါသည်။

မိုင်းကောင်(ဝ်)ကျေးရွာအုပ်စု နမ့်လောဝ်းအခြေစိုက် ခလရ ၆၇ က နမ့်လောဝ်းအရှေ့ဘက် ၂ မိုင် ခန့်အကွာလွယ်မုံမိဏ်းတောင် သို့ ပြောင်းရွှေ့ သွားကြောင်း၊ စစ်အင်အားမှာ ၆၀ ကျော်ရှိကြောင်း သိရပါသည်။

ထိုသို့မြန်မာစစ်တပ်လှုပ်ရှားသွားလာနေမှုကြောင့် ဒေသတွင်းစခန်းချ အစိုးရစစ်ကြောင်းများ ကလည်း ရွာသားများအပေါ်တင်းကျပ်မှုများ ပိုရှိလာကာ ၁၀ မိုင်အကွာရှိလယ်ယာမြေများသို့ သွား ရောက်လုပ် ကိုင်လို ပါကလည်း အစိုးရစစ်တပ်အား အကြောင်းကြားရကြောင်း၊ ထို့ကြောင့် ရွာသားများမှာ တခြားသို့ပြောင်းရွှေ့သွားကြသည်များလည်းရှိကြောင်း တန့်ယန်းရောက် မိုင်းကောင်ဝ်ဒေသခံတဦးက ပြောသည်။

Panglong(Burmese)

No comments:

Post a Comment