Pages

Tuesday, May 28, 2013

လားရှိုးမြို့ရှိ မြို့မ ဗလီ နှင့် အစ္စလာမ်ဘာသာဝင်မိဘမဲ ကျောင်း တို့အား ဘာသာရေး ပဋိပက္ခများကြောင့် မီးရှိုကြ


မေလ ၂၈ ရက်

လားရှိုးမြို့ တွင် မေလ 28 ရက်နေ့ နေ့လည် ၃ နာရီ ၀န်းကျင်ခန့်တွင် ဓါတ်ဆီရောင်းနေသော အမျိုးသမီးငယ်လေး အား အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဓါတ်ဆီဝယ်ယူရာတွင် ဓါတ်ဆီမပြည့်ကြောင်း ပြောပြီး ဆီဘူး နှစ်ဘူးအား အမျိုးသမီးငယ်လေး ကိုယ်ပေါ်သို့ လောင်းထည့်ပြီး အသင့်ပါလာသော မီးခြစ် ဖြင့် ရှိုးခဲ့ခြင်းကြောင့် အမျိုးသမီးလေးမှာ ဆေးရုံသို့ တက်ရောက်ဆေးကုသနေရပြီး အစ္စလာမ်ဘာသာဝင် အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း လားရှိုးမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ပြဿနာမှ အစပြုခဲ့ပြီး ညပိုင်းအချိန်တွင် မြို့လူငယ်များမှ မြို့မ ဗလီအား မီးရှိုးခြင်းများ ပြု လုပ်ခဲ့ကြပြီး ၊ အစ္စလာမ်ဘာသာဝင် မိဘမဲ့ စာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသဖြင့် ဗလီဘေးရှိ ဆိုင်ခန်းများ မီးလောင်ကြွမ်းမှုများဖြစ်ပေါ်နေကြောင်း မေလ ၂၈ ရက်နေ့ ည ကိုးနာရီအချိန်ခန့် တွင် လားရှိုးမြို့ဒေသခံ သတင်းထောက်တစ်ဦး ကပြောကြားခဲ့သဖြင့် သိရသည်။

မြို့ပေါ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအပြင် စစ်တပ်မှလည်း လုံခြုံရေးတာဝန်ယူနေရကြောင်း မြို့ ခံများက ပြောသည်။

Thit Htoo Lwin blog

No comments:

Post a Comment