Pages

Friday, May 3, 2013

မိုင်းဆတ်တွင် သေနတ်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ



မတ် ၃ ရက်

မိုင်းဆတ်မြို့နယ် ၀ိန့်ကောင်ရပ် အတွင်း နေအိမ်တစ်အိမ်ကို မိုင်းဆတ် ပူးပေါင်းအဖွဲ့မှ ပြီးသည့် လကုန်ရက်က ၀င်ရောက်ရှာဖွေရာ သေနတ်များနှင့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။ ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ဖမ်းဆီးစဉ် ခြံကို တွေ့ရှိခြင်းမရှိဘဲ ခြံစောင့် နှင့် အတူ သေနတ်  သေနတ်(၄)လက် စိတ်ကြွဆေးပြား (၃၀၅၀၀၀)ပြားနှင့် စိတ်ကြွဆေးပြုလုပ်ရာတွင် အသုံးပြုသောပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ပါသည်.။ မူးယစ်ဆေးဝါးပြုလုပ်သူများအား ပူးပေါင်းအဖွဲ့မှ ဖမ်းမိရန်အတွက် ဆက်လက်ကြိုးပမ်းနေကြောင်း သိရှိရ ပါသည်။

၎င်းဒေသအတွင်း မူးယစ်ဆေးဝါးများကို ၎င်းဒေသတွင်မကြာခဏ ဖမ်းဆီးရမိမှုများရှိနေသော်လည်း မူးယစ်ဆေးဝါးပပျောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း၊ မူးယစ်ဆေးဝါ ပြုလုပ်သူများအနေဖြင့် လက်နက်များကို ကိုင်ဆောင်ပြီး တာဝန်ရှိသူများ ကိုပြန်လည်ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် တာဝန်ရှိသူ များ သေဆုံးမှုများလည်းဖြစ်ပေါ်ခဲ့ရပါသည်။ မူးယစ်ဆေးဝါး ပပျောက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ယခုထက်ပိုမိုကြပ်မတ်ပြီး အင်အားများများဖြင့် ဖမ်းဆီးပြီး ပြုလုပ်သူများကို ထိထိရောက်ရောက်အရေးယူသင့် ကြောင်း မိုင်းဆက် မှ ကျောင်းဆရာ ဦးအေးအောင်က ပြောပြခဲ့ပါသည်။

No comments:

Post a Comment