Pages

Tuesday, May 28, 2013

မြေမြုပ်မိုင်း ပြသနာသည် မည်သူ့ အပေါ်၌ တာဝန် ရှိသနည်း


မေလ ၂၈ ရက်
     
နှစ်ရှည်လများ ဖြစ်ပွားနေသော ပြည်တွင်း စစ်ကြောင့် မြေမြုပ်မိုင်း ပြသနာသည် တိုင်းရင်းသား ဒေသလွယ်ကူစွာ ဖြေရှင်း၍ မရနိုင်သေးကြောင်း  Norwegian People’s Aid (NPA) အဖွဲ့မှ ဌာနေ ကိုယ်စားလှယ် ဖြစ်သူ Mr.Andreas Indregard က ဆိုပါသည်။ 
“ မိုင်းရှင်းလင်းဖို့ အစိုးရနဲ့တော့ MOU စာချုပ် ချုပ်ထားပြီးပြီး။ ဒါပေမဲ့ မရှင်းနိုင်သေးဘူး။ ဒီကိစ္စမျိုးဟာ နှစ်ဖက် စလုံးဆီက ခွင့်ပြုမိန့်ရမှ လုပ်လို့ရတဲ့ ကိစ္စမျိုးပါ။ အခုချိန်မှာလည်း အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမဲ့လည်း ယုံကြည် စိတ်ချမှု တွေက အားနည်းနေတုန်း ဖြစ်တယ်။ ဒါကြောင့် မြေမြုပ်မိုင်းတွေ မရှင်းနိုင်သေးတာပါ” ဟု ဆိုပါသည်။
NPA နည်းတူ အမေရိကန်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ၀န်ကြီး ကလည်း မြေမြုပ်မိုင်းနှင့် ပါတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလက ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ဤကဲ့သို့ နိုင်ငံတကာမှ စိတ်ဝင်စား လာရခြင်းမှာ  ၂၀၁၂ ခုနှစ် နိုင်ငံတကာ မြေမြုပ်မိုင်း အစီရင် ခံစာတွင်မြန်မာနိုင်ငံသည် ကမ္ဘာ့ တတိယ အဆင့် မြေမြုပ်မိုင်း အန္တရာယ် အရှိဆုံး နိုင်ငံဖြစ်လာခြင်းကြောင့် ဖြစ်ပါသည်။
ဤအကျိုးဆက်သည် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် အနှစ် (၆၀)ကျော်ကြာ ဖြစ်လာခဲ့ခြင်းဖြစ်ဟု ဆိုနိုင်ပါသည်။ အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရှိရန် အပစ်အခတ် ရပ်စဲ ထားပါသည်။ သို့သော် အပစ်ရပ်ထားသည့် အဖွဲ့များကို အကြောင်းပြချက် မရှိဘဲ ပြန်လည် တိုက်ခိုက်နေပါသည်။ ဤသည် ပြည်တွင်းစစ် ရှည်ကြာရေး၏ သက်သေ ဖြစ်ပါသည်။
သို့သော်လည်း မြေမြုပ်မိုင်း အန္တရယ် တိုက်ဖျက်လိုသော နိုင်ငံတကာ အဖွဲ့များသည် မြေမြုပ်မိုင်း ရှင်းလင်းရေး အဆင့်ကို မလုပ်နိုင်သေးသော်လည်း မြေမြုပ်မိုင်း အန္တရယ် ပညာပေးရေး သင်တန်းများကို စတင်နေခဲ့ပါသည်။  NPA အဖွဲ့သည်  The Halo Thrust အဖွဲ့များနှင့် ပူးပေါင်း၍မြေမြုပ်မိုင်း အန္တရာယ် အကြောင်းကိုဒေသခံ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား  သင်တန်း ပေးနေပါသည်။  အလားတူDan Church Aid (DCA) နှင့် UNICEF တို့ ကလည်း တပ်မတော် စစ်ဘက် အရာရှိများအား မြေမြုပ်မိုင်း အန္တရာယ် အကြောင်းကိုသင်တန်း ပေးခဲ့ သည်ဟု NPA က ဆိုပါသည်။
မြေမြုပ်မိုင်း ရှင်းလင်းရေးတွင် အဆင့် (၃) ဆင့် ရှိပါသည်။ မြေမြုပ်မိုင်းများ ရှိနိုင်သည့် ဧရိယာ၊ မိုင်းအရေအတွက်ကို နည်းပညာ အကူမပါဘဲ အချက်အလက် ကောက်ယူခြင်း (Non-Technical Survey) ၊ နည်းပညာ အကူဖြင့် အချက် အလက် ယူပြီး ပုံဖော်ခြင်း (Technical Survey) နှင့်မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ခြင်း (De-mining)  ဟူ၍ဖြစ်ပါသည်။
လက်ရှိ အနေအထားတွင် ပထမ အဆင့် အနေဖြင့် မြေမြုပ်မိုင်းကြောင့်သေဆုံးရသည့် တိရိစ္ဆာန်များ၊ လူများနှင့်  ဒုက္ခတဖြစ်ရသည့် ပုဂ္ဂိုလ် များကိုသာ အဓိက မေးမြန်း ထားပါသည်။ ဒုတိယနှင့် တတိယ အဆင့်ကိုမူ အကောင်အထည် မဖေါ်နိုင်သေးကြောင်း NPA ကဆိုပါသည်။
NPA သည် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြယ်နယ်၊ကယားပြည်နယ်၊ ပဲခူးတိုင်း အတွင်းရှိ ကျောက်ကြီး ဒေသတို့၌ မြေမြုပ်မိုင်း ရှင်းလင်းရန် အစိုးရနှင့်နားလည်မှု စာချွှန်လွှာ ရေးထိုးထားပြီး ဖြစ်ပါသည်။
NPA အဖွဲ့သည် ကမ္ဘာ့ တတိယ အကြီးဆုံး မိုင်းရှင်းလင်းရေး အဖွဲ့ဖြစ်ပါသည်။ ၄င်းတို့သည်အာဖရိက၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ ဥရောပ နိုင်ငံများနှင့် အာရှ ဒေသရှိ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၀ ခန့်တွင် မြေမြုပ်မိုင်း ရှင်းလင်းရေး အကူအညီ ပေးလျှက် ရှိပါသည်။

ရွှေဟင်္သာ 

No comments:

Post a Comment