Pages

Friday, May 3, 2013

အဆိုတော် ရဲလေး လက်ထပ်ပြီ

မေ(၃)ရက်


အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။

မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါတဲ့။

ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၊
ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ်လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ်လို့ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင်
ကျောင်းသားဟောင်းဖြစ်တယ်၊

"မိခင်က ဆွဲကြိုးပေါင်ပြီး studio စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား
ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလအတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။

တခြားသူတွေအနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"လို့
ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသား
ထားပါတယ်။

- ကျွန်တော်နဲ့ သက်ဆိုင်သော
- အိမ်
- First Live Concert
- တတိယ ကာရန်
- ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း

အစရှိတာတွေက ရဲလေးရဲ့ တကိုယ်တော်တေးစီးရီးတွေ ဖြစ်ကြောင်း
Teen မဂ္ဂဇင်းမှာ ရေးထားပါတယ်။

irrawaddy

No comments:

Post a Comment