မေ ၁၁ ရက်
အင်းလေးဟိုတယ်ဇုံနဲ့ပတ်သက်ပြီးေ ဒသခံလယ်သမားတွေနဲ့ ဟိုတယ်ဇုံဆောက်လုပ်ရေးစီမံ ကိန်းတွေအကြား ပြေလည်မှုတွေမရှိရာကလယ်သမားတချို့  ပြီးခဲ့တဲ့လပိုင်းမှာ တရားစွဲခံရတာတွေ ရှိနေတယ်။ ပြီးခဲ့တဲ့ မေ ၇ရက်ကလည်း ညောင်ရွှေမြို့နယ်၊ ကန်ပဲ့ရွာက လယ်သမား ၆ ဦး တရားစွဲ ခံရပြန်တယ်လို့သိရပါတယ်။ ကန်ပဲ့ရွာကတောင်သူတွေဖြစ်တဲ့ ဦးစိုးလင်း၊ ဒေါ်စိန်ဥ၊ ဒေါ်ခင်ရွှေ၊ဒေါ်ခင်ဖြူဝင်း၊ ဒေါ်အုန်းမြိုင်၊ ဒေါ်နီလာညွန့် တို့ ၆ ဦးကိုညောင်ရွှေမြို့နယ်တရားသူကြီး ဒေါ်ဥမ္မာညွန့် ခုံရုံးမှာ ပုဒ်မ ၃၅၃ ၀တ္တရားနှောက်ယှက်မှုနဲ့တရားစွဲဆိုထားတာလို့ သိရပါတယ်။
“ကျွန်မတို့ရွာက အယောက် ၃၀ လောက်တရားရုံးကိုသွားကြတယ်၊ ဟိုတယ်ဇုံစီမံကိန်းတာ ၀န်ခံ ဦးစိုင်းနော်ခမ်းလွင်ကစွဲတာလို့ သိရတယ်၊ ကျွန်မတို့ကသူ့ကိုမေးတယ်၊ ရဲက ပြည်သူ့ရဲလား၊ ဟိုတယ်ဇုံရဲလားလို့ ဆိုတော့ ပြည်သူ့ရဲပါလို့ပြောတယ်၊ အခုဖြစ်တာကကျွန်မတို့မြေတွေကို စက်တွေ နဲ့ထိုးပစ်တော့ ကျွန်မတို့က တားတယ်၊ ပထမပိုင်း မတ်လ ၂၆ရက်နေ့က နန့်ပန်ရဲစခန်းက ဆင့်တယ်၊ ၃ ခေါက်ခေါ်တယ်၊ ဟိုတယ်ဇုံစခန်းမှာပဲအပြန်အလှန်ေ ပြလည်အောင်ညှိခဲ့ကြလို့ ပြီးသွားပြီမှတ်တာ၊ အခုလိုရုံးတင်တော့ အံ့သြသွားတယ်၊တရားသူကြီးက ဒီအမှုက အာမခံလို့ရတယ်၊ အာမခံမှာလား၊ ဘယ်သူတွေကိုအာမခံခိုင်းမလဲမေးတယ်၊ ကျွန်မတို့က ဘယ်သူမှမခံခိုင်းတော့ဘူး၊ ကိုယ့်ဘာသာ ရင်ဆိုင်မယ်လို့ ပြောေ တာ့ အာမခံမရှိရင် ရဲလက်အပ်မယ်၊ စကားကိုကောင်းကောင်းပြော၊အော်မေ ပြာ နဲ့ ဆိုပြီးပြောတော့ ကျွန်မတို့လည်း ဘာပြောရမှန်းမသိဘူး၊ အာမမခံခိုင်းရင်လည်း ကိုယ်တိုင်ခံဝန် ကတိလုပ်ပြီး အခုပြန်လို့ရပြီဆိုတော့နောက်တစ် ပတ်ရုံးချိန်းယူပြီး ပြန်ခဲ့ကြတယ်၊ ခံဝန်ကတိမှာ နောက်ထပ်ဘာပြစ်မှုမှမကျူးလွန်ပါဘူး၊ ထွက်မပြေးပါဘူး၊ ရုံးချိန်းတိုင်း ၆ ယောက်စုံအောင် လာရ မယ်၊အကြောင်းပြချက်ပေးလို့ မရဘူး၊ ကျန်းမာရေးကြောင့် မလာနိုင်ရင် သက်ဆိုင်ရာရပ်ကွက်ဥက္ကဌ ထောက်ခံချက်ပါရမယ်ဆိုတဲ့ အချက်တွေ စုံနေတာပဲ၊ သူတို့လာမှ ကျွန်မတို့လည်းကိုယ့်ပစ္စည်းနဲ့ကိုယ် လူဆိုးဖြစ်ရတော့တယ်”လို့ တရားစွဲခံရသူ တောင်သူတစ်ဦးကမြန်မာဓိကကိုပြော ပါတယ်။ နောက်ရုံး ချိန်းကို မေလ ၁၄ ရက်နေ့မှာ ချိန်းဆိုထားကြောင်းသိရပါတယ်။
ခင်သုတ(တောင်ကြီး)
မြန်မာဓိက
No comments:
Post a Comment