Pages

Tuesday, May 14, 2013

Facebook မှာ နာမည်ပြောင်းလိုက်တဲ့ အေးဝတ်ရည်သောင်း


မေလ ၁၄ ရက်
 

မော်ဒယ် သရုပ်ဆောင် အေးဝတ်ရည်သောင်းက သူ့Facebook နာမည်ကို လစ်ဇီပေါက်စီ လို့ ပြင်လိုက်ပါပြီ။ 

"ယနေ့မှစပြီး Account name အား Aye Wut Yi Thaung မှ
Lizzy Paukc သို့ပြောင်းလိုက်ပါကြောင်း အသိပေးအပ်ပါသည် ရှင်။
ကျေးဇူးတင်ပါတယ် ရှင်" လို့ လွန်ခဲ့တဲ့ ၆ နာရီကျော်ကျော်က Facebook မှာ ပြောလိုက်ပါတယ်။

Lizzy ဆိုတာ သူ့ရဲ့ ခရစ်ယာန်အမည် Elizabeth ကနေ လာတယ်၊
ပေါက်စီကတော့ သူ့ရဲ့ ငယ်နာမည် အိမ်နာမည်ပါတဲ့။ 

အထင်ကရတွေထဲက ထွန်းအိန္ဒြာဗို၊ ရဲတိုက် တို့ရဲ့ Facebook စာမျက်နှာတွေအကြောင်း ဧရာဝတီ ဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။

http://blog.irrawaddy.org/2013/04/blog-post_5008.html တို့မှာ ဖြစ်ပါတယ်။

ပေါက်စီ အကြောင်း ပြန်ဆက်ရရင် ၁၂နှစ် သမီး အရွယ်မှာ မော်ဒယ်
လောကထဲရောက်၊ ၁၄ နှစ်အရွယ်မှာ ရုပ်ရှင်လောကထဲရောက်သွားသူပါ။

ပေါက်စီရဲ့ Facebook မှာ ရေးထားချက်အရ သူက ရန်ကင်း အထက 
၂ မှာ တက်ခဲ့တယ်၊ ဒဂုံတက္ကသိုလ်မှာ ဓာတုဗေဒအထူးပြုတက်ခဲ့တယ်လို့ သိရပါတယ်။

သူငယ်ချင်း နှစ်ထောင်ကျော် လက်ခံထားတဲ့ သူ့လိပ်စာhttp://www.facebook.com/ayewutyi.thaung.1 ပါ။ အခု တွေ့ရတဲ့ပုံတွေကို အဲဒီစာမျက်နှာကနေ ယူပါတယ်။

ဧရာဝတီblog

No comments:

Post a Comment