Pages

Sunday, May 19, 2013

မောက်စံရှိ NLD ပါတီရုံးအား ဒုတိယအကြိမ် PNA ဝိုင်းထားကာ ရွာသားတဦး ဖမ်းဆီးခံရ


မေလ ၁၉ ရက်

မေလ ၁၈ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ပအို့ဝ်အမျိုးသားတပ်မတော်(PNA)မှ လက်နက်ကိုင်ဦးရေ ၃၀ခန့် သည် ဒုတိယ အကြိမ် အဖြစ် တောင်ကြီးမြို့နယ် မောက်စံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဝိုင်းထား ၍ ပအို့ဝ် လူမျိုးတောင်သူ ၁ဦးအား ထပ်မံဖမ်းဆီး သွား ကြောင်း တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင် တိုး၏ ပြောကြားချက်အရ သိရသည်။

“PNO အဖွဲ့အနေနဲ့ လက်နက်ကိုင် အနိုင်ကျင့်တာထက် ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေးလုပ်တာကိုပဲ လိုချင် တာပါ။ ပြီးတော့ မောက်စံ၊ ထီဗွာနဲ့ ဆတ်သေကျေးရွာက NLD ပါတီဝင် ၅၀ခန့်က အသက် အန္တရာယ် စိုးရိမ် ရတဲ့အ တွက် ဒီကနေ့ ညနေပိုင်းမှာဘဲ နှုတ်ထွက်ခွင့်စာတင်မှာ ဖြစ်ပါ တယ်”ဟု ၎င်းက ပြောကြားသည်။
ယင်း သို့ NLD ပါတီဝင်များနှုတ်ထွက်ရခြင်းသည် ပအို့ဝ်အမျိုးသားတပ်မတော် (PNA)မှ ပါတီဝင်များအား ဖိအား ပေးခြင်းများရှိကြောင်း သိရပြီး မေလ ၁၅ရက်နေ့ ပထမအကြိမ်တွင် PNAမှ ဝိုင်းထားသော် လည်း မေလ ၁၆ရက်နေ့ တွင် ဖမ်းဆီးထားသည့် ရွာသား ၅ဦး အား ပြန်လွှတ်ပေး ခဲ့ပြီး ယခုတွင် ဒုတိယ အကြိမ်ဖြစ် ဝိုင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယခုလက်ရှိအခြေအနေတွင် အဆိုပါမောက်စံကျေးရွာသည် ပအို့ဝ် အပိုင်ဖြစ်ပြီး ချောင်း တဖက်ကြား တွင် ရှမ်းပြည်နယ် တပ်မတော် (SSA)ဘက်အခြမ်းနှင့် နီးစပ်လျက်ရှိရာ ယခုကဲ့ သို့ ပြဿ နာများ ဖြစ်ပွားနေသည့်အတွက် SSA ဘက်အခြမ်းမှ တပ်အင်အား ၁၅၀နီးပါး ခန့်သည် နယ်စည်း မကျော်ရန်အတွက် စောင့်ကြပ် လျက်ရှိ ကြောင်း သတင်းရရှိသည်။

The Myanma Age

No comments:

Post a Comment