Pages

Monday, June 17, 2013

၉၆၉ နာမည်မသုံးရန် တားမြစ်မှု ကလောမြို့တွင် ဖြစ်ပွား



ရှမ်းပြည်နယ် ကလောမြို့အထွက် ရွှေဇင်ယော်စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဒေသထွက်လက်ဆောင်များရောင်းချသော ဆိုင်တန်းမှ “ ၉၆၉ မေရှမ်း ” နှင့် “ ၉၆၉  ရွှေစင် ”အမည်ရှိ ဆိုင်းဘုတ်ရေးထားသော ဆိုင်ခန်းနှစ်ခန်းအား ဇွန် ၁၄ ရက်မနက်ပိုင်း တွင် ကလောမြို့နယ်စည်ပင်ဦးစီးဌာနမှ လ/ထ ညွှန်မှူးက စည်ပင်မှတရားဝင်ခွင့်ပြုချက်ရယူခြင်း မရှိဘဲတပ်ဆင်ထားသော ဆိုင်းဘုတ် တွင် ၉၆၉ စကားလုံးအား ထည့်မသုံးရန်နှင့် ထည့်သုံးခြင်းဖြင့် ဘာသာရေးပဋိပက္ခ များ ဖြစ်လာနိုင်သည် ဟုပြောဆို တားမြစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တားဖြစ်မှုအပေါ် ဆိုင်ရှင်များက ၉၆၉ ဆိုင်းဘုတ်မှာ လွန်ခဲ့သောတစ်နှစ်ကျော်ခန့်မှစပြီး ရေးသားခဲ့ခြင်းဖြစ်၍ တရားဝင် စာဖြင့် တားမြစ်မှသာလိုက်နာနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် စည်ပင်မှတရားဝင်စာဖြင့် ထပ်မံတားမြစ်ခဲ့ကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်၍ ကလောမြို့ရပ်ကွက် (၆) ပရဟိတလမ်းရှိ ဗုဒ္ဓဘာသာဝေယျာဝစ္စအဖွဲ့မှ မြို့မကျောင်း ဆရာတော် ဦးကုသလထံ သွားရောက်ပြီး ၉၆၉ မှာ ဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေး အထိမ်းအမှတ်တစ်ခုဖြစ်သဖြင့် နာမည်မသုံးခိုင်းခြင်းအပေါ် ဗုဒ္ဓဘာသာဝင်များ စိတ်ဝမ်းကွဲပြားလာနိုင်ကြောင်း၊ ဒေသခံ ဗုဒ္ဓဘာသာဝင်များက မကျေ မနပ်ဖြစ်နေကြသဖြင့် လွှတ်တော်သို့ တိုင်ကြားပေးရန် လျှောက်ထားခဲ့ရာ ဆရာတော်က စည်ပင်ဥပဒေနှင့် အညီ ဆိုင်းဘုတ်အား အခွန်ဆောင်၍ တပ်ဆင်ရန်နှင့် ၉၆၉စာသားအား ဖြုတ်ရန်မလိုကြောင်း ပြန်လည်မိန့်ကြားခဲ့သည်ဟု သိရှိရ သည်။
“ ဒီဈေးတန်းမှာ ဆိုင်ခန်း (၉) ခန်းရှိပါတယ်၊ ဆိုင်ခန်းအားလုံးဟာ စည်ပင်ခွင့်ပြုချက်မရယူဘဲနဲ့ ဆိုင်းဘုတ်တွေ တပ်ထား တာပါ၊ ကျွန်မတို့ဆိုင်ခန်းနှစ်ခန်းကိုပဲ လာပြီးတော့ တားမြစ်တာကိုတော့ လုံးဝမကျေနပ်နိုင်ဘူး၊ ၉၆၉ ဆိုတာ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ အထိမ်းအမှတ် တစ်ခုပဲလေ၊ အဲဒီနာမည်ကို တရားဝင်မသုံးရဘူးဆိုတဲ့ ဥပဒေရှိ/မရှိ သက်ဆိုင်ရာကို တိုင်ကြားသွားမှာပါ ” ဟု ၉၆၉ ရွှေစင်ဆိုင်ပိုင်ရှင် မဇင်မာဦးက ပြောပြသွားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြို့မကျောင်း ဆရာတော်မှ ဆိုင်ရှင် ၂ ဦးအားထပ်မံတွေ့ဆုံပြီး စည်ပင်သို့သွားပြီး ဆိုင်းဘုတ်အား တရားဝင်အခွန်ငွေဆောင်ရန်နှင့် ၉၆၉ အမှတ်အသားနာမည် ထည့်သွင်းနိုင်ရေးအတွက် ညှိနှိုင်းဆောင် ရွက်ရန် မိန့်ကြားခဲ့ကြောင်း၊ ညှိနှိုင်း၍အဆင်မပြေပါက ဆရာတော် ကိုယ်တိုင်သွားရောက်ညှိနှိုင်း ပေးမည်ဟု ထပ်မံ မိန်းကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment