Pages

Friday, June 7, 2013

ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနား ကျင်းပနေသည့် အဆောက်အအုံ အ၀င်အထွက် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးဆိုင်ရာ အထူးကျွမ်းကျင်သည့် ရဲမေများကို တာဝန်ပေးထား


ဇွန်လ ၇ ရက်
 
 
ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်သူများကို လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးနေသည်ကို တွေ့ရစဉ် 
 

၂၀၁၃ ခုနှစ် ဇွန် ၅ ရက်မှ ၇ ရက်အတွင်း နေပြည်တော် MIC အဆောက်အအုံတွင် ကျင်းပနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်အခမ်းအနားတွင် အ၀င်အထွက် ဂိတ်ပေါက်များ၏ လုံခြုံမှု စစ်ဆေးရေး အပိုင်းကို အထူးကျွမ်းကျင်သည့် ရဲမေများဖြင့် တာဝန်ပေးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇွန် ၆ ရက်က ပြောကြားခဲ့သည်။
အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးမှ ဆပ်ကော်မတီ ၁၀ ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းဆပ်ကော်မတီ ၁၀ ခုမှာ လုံခြုံရေး ဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ အတွင်းရေးမှူးလုပ်ငန်း ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ တည်းခိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြည်ဝင်ဗီဇာ ဆပ်ကော်မတီ၊ ဖိတ်ကြားရေး ဆပ်ကော်မတီနှင့် ကြိုဆိုရေး ဆပ်ကော်မတီတို့ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ ရဲမှူးကြီး ဦးကိုကိုအောင်က ဇွန် ၆ ရက် ညနေပိုင်းတွင် ''ဒီအခမ်းအနားကြီးကို ခမ်းခမ်းနားနား အောင်မြင်ဖို့အတွက် ဌာနဆိုင်ရာ ပေါင်းစုံပါဝင်တဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းထားပါတယ်။ ရဲတပ်ဖွဲ့ဌာန အနေနဲ့ကလည်း အခမ်းအနား မကျင်းပမီကတည်းက လုံခြုံရေးဆိုင်ရာတွေကို ကြိုတင်ပြင်ဆင် ထားပါတယ်။ ဒါ့အပြင် ဒီအဆောက်အအုံရဲ့ အ၀င်အထွက် ဂိတ်ပေါက်တွေမှာလည်း လုံခြုံရေးစစ်ဆေးမှု အပိုင်းကို အထူးကျွမ်းကျင်တဲ့ ရဲမေတွေကို ခန့်ထားပါတယ်'' ဟု The Daliy Eleven သို့ ပြောကြားခဲ့သည်။

အဆိုပါ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားဖိုရမ် အခမ်းအနားကို နိုင်ငံပေါင်းစုံမှ မီဒီယာ ၆၀၀ ဦးကျော် လာရောက်သတင်း ရယူလျက်ရှိကြောင်း သိရသည်။


EMG

No comments:

Post a Comment