Pages

Thursday, June 27, 2013

နမ့်ခမ်း၌ လမ်းကြောင်းပိတ် ရှာဖွေရာမှ မူးယစ်အထူး တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရ


ဇွန်လ ၂၇ ရက်
 

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့တွင် ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်က မူးယစ်အထူးတပ်ဖွဲ့က သတင်းအရ လမ်းကြောင်းပိတ် ရှာဖွေရေး ပြုလုပ်စဉ် တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ် မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးက The Voice သို့ပြောကြားသည်။

“တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရပါတယ်။ နှစ်ယောက်ကို မူဆယ်ဆေးရုံမှာ တင်ထားတယ်။ တစ်ယောက်ကတော့ ဒီနေ့ပဲ မန္တလေး မျက်စိ၊ နှား၊ နှာခေါင်း အထူးကုဆေးရုံ ပို့ထားပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းနေ့က နမ့်ခမ်းမြို့နယ် နမ္မတီးကျေးရွာအုပ်စု လွယ်လန်ကန်ကျေးရွာတွင် သတင်းအရ လမ်းကြောင်းပိတ် ရှာဖွေရေး ပြုလုပ်စဉ် ယင်းကျေးရွာတောင်ကုန်းပေါ်မှ ဗုံးဟုယူဆရပြီး ပေါက်ကွဲစေတတ်သော အရာဖြင့် ပစ်ခတ်မှုကြောင့် မူဆယ် မူးယစ်တပ်ဖွဲ့မှ ရဲအုပ်စန်းဝင်းအောင်၊ ဒုတပ်ကြပ်အောင်မျိုးထွဋ်၊ တပ်သားရန်စိုးအောင်တို့ ဒဏ်ရာရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဒဏ်ရာရသူများ အနက် တပ်သားရန်စိုးအောင်မှာ ယာမျက်လုံး ထိခိုက်မှုရှိသဖြင့် မန္တလေး မျက်စိ၊ နား၊ နှာခေါင်း အထူးကုဆေးရုံသို့ ဇွန်လ ၂၆ ရက် နေ့တွင် ပို့ဆောင်ခဲ့ကြောင်း ယင်းမူဆယ် မူးယစ်အထူးတပ်ဖွဲ့ ထံမှ စုံစမ်းသိရှိရသည်။

ယင်းနမ့်ခမ်းမြို့နယ် လွယ်လင်ကန်ကျေးရွာတွင် ဗုံးဟု ယူဆရသောအရာဖြင့် ပစ်ခတ်သောသူ များနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ ဖြစ်သည်ကို အသေးစိတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အထက်ပါ တပ်ဖွဲ့ဝင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment