ဇွန်လ ၂၈ ရက်
ရှမ်းပြည်နယ် သီပေါမြို့ ဘော်ကြိုကျေးရွာသို့ သီပေါရဲစခန်းမှ
ရဲတပ်ဖွဲ့များမှ ဇွန်လ (၂၇) ရက်နေ့ ညနေပိုင်း တွင် သတင်းအရ မူးယစ်ဆေးဝါး
ဝင်ရောက် ရှာဖွေရာမှ တရားမ၀င် တရုတ်နိုင်ငံထုတ် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
သီပေါရဲစခန်းမှ ဒုရဲအုပ် ၀င်းနိုင် ဦးစီးအဖွဲ့များနှင့် သက်သေများ
ပါဝင်သော အဖွဲ့မှ ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက် နေ့ ညနေပိုင်းတွင်
သီပေါမြို့နယ်၊ ဘော်ကြိုရွာမှ ဦးစံပွင့်နေအိမ်အား မူးယစ်ဆေးဝါး
သတင်းများအရ ၀င်ရောက် ရှာဖွေရာမှ လက်ပစ်ဗုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ အဖွဲ့တွေ အိမ်ထဲကို ၀င်သွားပြီးရှာတော့ဦးစံပွင့်ကိုမတွေ့ဘဲ၎င်း၏ဇနီးဖြစ်တဲ့ ဒေါ်အေးလိတ် ကိုပဲတွေ့တယ်။
ကျွန်တော်တို့ လူခွဲပြီး ရှာနေတုန်း ဒေါ်အေးလိတ်မှ ပြူတင်းပေါက်ကနေ
ကျွတ်ကျွတ်အိတ် တစ်လုံး လွှတ်ပစ်လိုက်တာတွေ့ရတယ်။ အဲဒီအိတ်ကို
သွားယူကြည့်တော့ လက်ပစ်ဗုံးကို တွေ့ရတယ် ”ဟု သက်သေအဖြစ်
လိုက်သွားသူတစ်ဦးမှ ပြောပြပါသည်။
တရားမ၀င် လက်နက်ခဲယမ်း
ကိုင်ဆောင်ထားရှိသူ ဒေါ်အေးလိတ်အား သီပေါ ရဲစခန်းမှ လက်နက်အက် ဥပဒေအရ
အမှုဖွင့်ထားပြီး ထွက်ပြေး တိမ်းရှောင်နေသည့် ဦးစံပွင့်အား
ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေ ကြကြောင်း ဒေသခံများထံမှ သိရသည်။
စိုင်းအောင်

No comments:
Post a Comment