Pages

Sunday, June 30, 2013

ရွာငံမြို့နယ်ရှိ မူလတန်းပြကျောင်းဆရာတစ်ဦး ဆိုင်ကယ် တိမ်းမှောက် ပြီး သေဆုံး

ဇွန်လ ၃၀ ရက်


ရှမ်းပြည်နယ် ရွာငံမြို့၊ ဒုတ်ထိုးရေကျေးရွာအမကကျောင်းမှ ကျောင်း ဆရာ တစ်ဦးသည် ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရွာငံ-ကျောက်ဆည် လမ်း တွင် ဆိုင်ကယ်တိမ်းမှောက်ပြီး ရရှိသောဒဏ်ရာများဖြင့် ရွာငံ ပြည်သူ့ဆေးရုံ တွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရွာငံမြို့နယ် ဒုတ်ထိုးရေကျေးရွာ အမကကျောင်းမှ ကျောင်းဆရာ ဦးသိန်းထွေး သည် ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရွာငံ-ကျောက်ဆည် လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၂၄/၅)နှင့် (၂၄/၆) အကြားသို့အရောက်တွင် လမ်းပေါ်မှ နွားထီးတစ်ကောင်အား ၀င်တိုက်မိခဲ့ပြီး ဆိုင်ကယ်တိမ်းမှောက် သွား ခဲ့ကြောင်း မျက်မြင်များ ၏ ပြောကြားချက်အရ သိရသည်။ ကျောင်းဆရာ ဦးသိန်းထွေးအား အနီးပတ်ဝန်းကျင်ရှိ လူများမှ ရွာငံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သော်လည်း ညပိုင်းအချိန်တွင် ရရှိထားသည့် ဒဏ်ရာ များဖြင့်သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့် ပက်သက်၍ ရွာငံရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ ဖြင့် အရေးယူအမှုဖွင့် ထားကြောင်း ဒေသခံများထံမှ သိရသည်။ ယခုကဲ့သို့ အများပြည်သူ အသုံးပြုနေသော လမ်းများပေါ်တွင် တိရိစ္ဆာန်များအား အထိန်းအကွတ်မဲ့စွာ လွှတ်ကျောင်းထားခြင်းများကြောင့် ယဉ်များ မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပေါ်နေပါသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျွဲ၊ နွားပိုင်ရှင်များအား ထိရောက်စွာ အရေးယူတားမြစ်မှုများ ပြုလုပ်သွားရန် ဒေသခံများမှ လိုလားနေကြကြောင်း သိရပါသည်။

No comments:

Post a Comment