Pages

Thursday, June 20, 2013

မန္တလေး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် တစ်ရက်လျှင် လျှောက်ထားသူ ၁၅၀ ရှိ


ဇွန်လ ၂၀ ရက်

နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ် သူများအား တွေ့ရစဉ်

မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူ တစ်ရက်လျှင် ပျမ်းမျှ ၁၅၀ ၀န်းကျင်ရှိကြောင်း တာဝန်ခံ အရာရှိ ဒုရဲမှူး ဦးမြင့်အောင်က ပြောကြားသည်။
ထိုသို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတွင် တရုတ်နွယ်ဖွားများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် စာအုပ်ကို ယခင်က လျှောက်ထားပြီး အချိန်တစ်လကြာမှ ရရှိသော်လည်း လက်ရှိအချိန်တွင် ဖြေလျှော့မှုများ ပြုလုပ်ထားသဖြင့် ၁၀ ရက်နှင့်အပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် သွားရောက်ဆေးကုသမည့် သူများ၊ သက်ကြီးရွယ်အိုများကို ငါးရက်အတွင်း ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဆေးကုသမှုအတွက် လျှောက်ထားမှု ပိုမိုများပြားကြောင်းလည်း သိရသည်။

မန္တလေးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး စတင်ဖွင့်လှစ်သည့် ၂၀၁၂ ခုနှစ် ဇူလိုင် ၄ ရက်မှစ၍ ၂၀၁၃ ခုနှစ် ဇွန် ၁၄  ရက်အထိ နိုင်ငံကူးလက်မှတ် ၃၅၅၃၃ ကို ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

"အချက်အလက် ပြည့်စုံရင် ဘယ်သူပဲဖြစ်ဖြစ် သတ်မှတ်ရက် အတွင်းမှာ ရအောင်ထုတ်ပေးပါတယ်။ ပြစ်ဒဏ်ကျခံ ဖူးတာတို့ ပညာအရည်အချင်းတို့ကို မှန်ကန်အောင် မဖြည့်တဲ့အတွက် တချို့မကြာသင့်ဘဲ ကြန့်ကြာကုန်တာပါ" ဟု တာဝန်ခံ အရာရှိက ပြောကြားခဲ့သည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အများစုမှာ ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီးစဉ် အတွက်သာ လျှောက်ထားမှု ပိုမိုများပြားကြောင်း သိရသည်။

EMG

No comments:

Post a Comment