Pages

Wednesday, June 5, 2013

မူဆယ်နယ်စပ်မှ နှစ်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း တင်သွင်းမှု ကျပ်သိန်း ၆၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ရာ စားသောက်ကုန်များ အများဆုံးဖြစ်


ဇွန်လ ၅ ရက်

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ၂၀၁၃ ခုနှစ်၊ ဧပြီလနှင့် မေလအတွင်း အကောက်ခွန်မဲ့ ပစ္စည်းများ တင်သွင်းလာမှုအား ကျပ်သိန်း ၆၀၀၀ကျော် ဖမ်းဆီးရမိခဲ့ရာ စားသောက်ကုန်များ အများဆုံးဖြစ်ကြောင်း မူဆယ်နယ်စပ်ကုန် သွယ်ရေးဌာနမှ ဒုတိယညွှန်မှူး ဦးနန္ဒက ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် စားသုံးသူ ကာကွယ်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ Mobile Team များ ဖွဲ့စည်းကာ နယ်စပ်ဂိတ်များမှ တရားမ၀င် အကောက်ခွန်မဲ့ ပစ္စည်းများ ၀င်ရောက်လာမှုကို စစ်ဆေးအရေးယူ လျက်ရှိကြောင်း သိရသည်။
တရုတ်ဘက်မှ ကြက်ငှက်တုပ်ကွေး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်က ကြက်ဥ၊ ကြက်သားတွေ ပြည်တွင်းကို လှိမ့်သွင်းလာတာလည်း စစ်ဆေးတွေ့ရှိ ခဲ့ရပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး အရေးယူဖို့ ဆောင်ရွက်နေပါပြီ . . . . .

တရားမ၀င် ကုန်သွယ်မှုများကြောင့် ၂၀၁၂ ခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုများ သိသာစွာ တိုးတက်မှု မရှိခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

"အခု ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ အကောက်ခွန်မဲ့ ပစ္စည်းတွေက စားသောက်ကုန်တွေ များပါတယ်။ ချောကလက်၊ ချိုချဉ်စတဲ့ မုန့်မျိုးစုံလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တရုတ်ဘက်မှ ကြက်ငှက်တုပ်ကွေး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်က ကြက်ဥ၊ ကြက်သားတွေ ပြည်တွင်းကို လှိမ့်သွင်းလာတာလည်း စစ်ဆေးတွေ့ရှိ ခဲ့ရပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး အရေးယူဖို့ ဆောင်ရွက်နေပါပြီ" ဟုလည်း ဦးနန္ဒက ဆက်လက်ပြောကြားခဲ့သည်။

EMG

No comments:

Post a Comment