Pages

Tuesday, June 18, 2013

ဗုဒ္ဓဘာသာဝင်များ ခရီးသွားကားစီးရာတွင် အထူးသတိထားရန် လက်ကမ်းစာစောင်များ ကလောမြို့ တွင် ပျံ့နှံ့


ဇွန်လ ၁၈ ရက်

ဓာတ်ပုံ .. အင်တာနက် 
ကလောမြို့ပေါ် ရပ်ကွက်များရှိ ဗုဒ္ဓဘာသာဝင်များအကြား ဗုဒ္ဓဘာသာဝင်များ ခရီးသွားကားစီးရာတွင် အထူး သတိထားရန် ခေါင်းစဉ်ပါသောကွန်ပြူတာဖြင့် ရိုက်နှိပ်ထားသည့် လက်ကမ်းစာစောင်များ ယမန်နေ့ မနက်ပိုင်း မှစ၍ ပျံ့နှံ့နေကြောင်း သိရှိရသည်။

အဆိုပါ လက်ကမ်းစာစောင်၌ ဗုဒ္ဓဘာသာဝင်တိုင်း မွတ်ဆလင်ဈေးဆိုင်များ၌ ဈေးဝယ်ခြင်းမပြုခြင်းအားဖြင့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်လျက်ရှိကြကြောင်း၊ သို့ရာတွင် ဗုဒ္ဓဘာသာဝင်များ သတိမပြု မိသည့်အချက်မှာ မိမိတို့၏ အသက်ကို တစ်ဦးတစ်ယောက်ထံ ပုံအပ်လျက် ခရီးသွားယာဉ်စီးနင်းခြင်းအား မေ့လျော့လျက်ရှိကြောင်း၊ ယင်းသို့ ခရီးသွားပါက မွတ်ဆလင်လူမျိုး ယာဉ်မောင်းများ မောင်းနှင်သည့် ယာဉ် များအား ရှောင်ကြဉ်ကြရန်နှင့် မွတ်ဆလင်များအနေဖြင့် “(၃)ယောက်(၁)ယောက်လဲ အသေခံမည် ” ဟု ကြွေးကြော်ထားခြင်းကြောင့်ဖြစ်ပြီး ယာဉ်တစ်စီးလျှင် ခရီးသည်(၁၀)ယောက်မှ (၄၅)ယောက်အထိ ရှိသဖြင့် မွတ်ဆလင်များ၏ ယာဉ်ဖြစ်ပါက အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်၍ ယခုကဲ့သို့ နှိုးဆော်ရခြင်း ဖြစ်ကြောင်း ရေးသားထားသည်ဟု ကလောမြို့ခံ ဦးစိုင်းအောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များ ပျံ့နှံ့မှုကြောင့် ကလောမြို့တွင် ဗုဒ္ဓဘာသာဝင်ခရီးသွားပြည်သူများက ကားဂိတ်များသို့ လာရောက်စီးနင်းရာတွင် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းသူအမည်များကို စုံစမ်းပြီး မွတ်ဆလင် ယာဉ်မောင်းများဖြစ်ပါက လိုက်ပါစီးနင်းခြင်းမပြုကြောင်း ကားဂိတ်များထံမှ သိရှိရပါသည်။ 

စိုင်းကျော်စွာ 

No comments:

Post a Comment