Pages

Friday, June 28, 2013

ကျိုင်းတုံမြို့၌ သောက်သုံးရေ ဖူလုံရေး ဆောင်ရွက်

ဇွန်လ ၂၈ ရက်


ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ကျိုင်းတုံ မြို့လုံးကျွတ် သောက်သုံးရေ ရရှိရေး အတွက် ကျိုင်းတုံ- တောင်ကြီး ကားလမ်း ရှစ်မိုင် ရေတံခွန်မှ ရေသွယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ရှစ်မိုင် ရေတံခွန်မှ ရေကိုပိုက်ဖြင့် သွယ်ယူပြီး ဆင်နှစ်ကောင် ရေလှောင်ကန်မှ တစ်ဆင့် ရပ်ကွက်(၁) ရေလှောင်ကန်သို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် ရပ်ကွက် (၁၊ ၂၊ ၅) တို့သို့ ပြန်လည် ဖြန့်ဖြူးပေးလျက် ရှိကြောင်းနှင့် ရပ်ကွက်(၁) ရေလှောင်ကန်မှ စွန်တောင်းကုန်းရှိ ခေမင်း ရေလှောင်ကန်သို့ ပို့ဆောင်ပြီး ရပ်ကွက်(၃၊ ၄၊ ၅) တို့သို့ ပို့ဆောင် ဖြန့်ဖြူးပေးလျက် ရှိပြီး ကျန်ရှိနေသော အပိုင်းများသို့ ရေပေးဝေ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment