Pages

Wednesday, June 26, 2013

မြန်မာ့ ပညာရေး မိုက်ခရိုဆော့ဖ် ဇူလိုင်တွင် စတင်ကူညီမည်


ဇွန်လ ၂၆ ရက်
 


မြန်မာ့ပညာရေး အိုင်တီနည်း ပညာအကူအညီပေးရေးကို မိုက်ခရို ဆော့ဖ်က ဇူလိုင်လတွင် စတင်လုပ် ဆောင်ပေး သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီ ဖြစ်သည့် Knowledge Centricity မှ သိရသည်။

ယင်းကဲ့သို့ ပံ့ပိုးကူညီရာတွင် အခြေခံပညာနှင့် တက္ကသိုလ်အဆင့် ပညာ နှစ်ပိုင်းခွဲလုပ်ဆောင်မည်ဖြစ် ပြီး ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချို့နှင့် တွေ့ဆုံပြီးဖြစ်သည် ဟု Knowledge Centricity ၏ စီအီးအို ဒေါက်တာထွန်းသူရသက် က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

”ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေး တယ်ဆိုတာထက် တွေ့ဆုံ နားထောင် ဖြစ်တယ်။မိုက်ခရိုဆော့ဖ်ကလာပြီး မြန်မာပြည်သာဖြစ်သင့်တယ် ပြော မယ့်အစား ဒီမှာဘာတွေလိုအပ်တယ်၊ ဘာတွေကူညီပေးနို င်မလဲဆိုတာမျိုး ပိုဖြစ်သင့်တယ်”ဟု ၄င်းကပြောသည်။ အခြေခံပညာရေးအဆင့်တွင် အိုင်တီနည်းပညာ တွင်ကျယ်စွာအ သုံးချလာစေရန်အတွက် ဆရာ၊ ဆရာမများကို ဦးစားပေးသင်ကြားမှု စတင်မည်ဖြစ်ပြီး ယင်းအတွက် ဝန် ကြီးဌာနနှင့်လည်း သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။

ဆရာ၊ ဆရာမများကို သင် ကြားရာတွင် ကျောင်းပိတ်ရက် ရက် တိုသင်တန်းပုံစံအဖြစ် သင်ကြားခြင်း မျိုးမဟုတ်ဘဲ ရေရှည်သင်ကြားမှု ပုံစံဖြင့် သွားရန် မိုက်ခရိုဆော့ဖ်က ရည်ရွယ်ထားကြောင်း သိရသည်။ လက်ရှိတွင် မိုက်ခရိုဆော့ဖ်က အခြေခံပညာကျောင်းများ၏ လိုအပ် ချက်များကို လေ့လာနေပြီး ဆော့ဖ်ဝဲ ပိုင်းအတွက်ကိုမူ မိုက်ခရိုဆော့ဖ်မှ တာဝန်ယူမည်ဖြစ်ကာ စက်ပစ္စည်းနှင့် သင်ကြားရေးလိုအပ်ချက်များအတွက် မိုက်ခရိုဆော့ဖ်နှင့် ၄င်း၏မိတ်ဖက် ကုမ္ပဏီများ ပူးတွဲလုပ်ဆောင်သွား မည်ဖြစ်သည်။

ထို့အပြင် တက္ကသိုလ်ပညာရေး အဆင့်တွင် ကျောင်းသားများ စာ သင်နှစ်ပြီးဆုံးသည်နှင့် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် အထောက် အကူပြုသင်တန်းအချို့ ထည့်သွင်း သင်ကြားမည်ဖြစ်ပြီး မိုက်ခရိုဆော့ဖ် မှ ၄င်း၏ အသုံးဝင်ဆော့ဖ်ဝဲအချို့ အား ယင်းသင်တန်း တွင်သင်ကြားရန် အခမဲ့ ထည့်သွင်းပေးသွားမည်ဟု မိုက်ခရိုဆော့ဖ် ၏ ပြည်တွင်းမိတ်ဖက် ကုမ္ပဏီ Myanmar Information Technology (MIT) မှသိရသည်။

မိုက်ခရိုဆော့ဖ်မှာ အမေရိကန် အခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ပြည်တွင်းပညာရေး ကဏ္ဍပိုင်းအတွက် ၄င်း၏ပြည် တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူး ပေါင်းဆောင်ရွက်သွားမည် ဖြစ် သည်။

Popular News

No comments:

Post a Comment