Pages

Thursday, June 20, 2013

မန်တုံဒေသ၌ ၁၂နှစ်အထက် လူငယ် ၉၀% မူးယစ်ဆေးသုံးစွဲနေ


ဇွန်လ ၂၀ ရက်

ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်ရှိ အသက် ၁၂ နှစ်အထက် လူငယ်ဆယ်ဦးတွင် ကိုးဦးမှာ မူးယစ်ဆေးသုံးစွဲ လျက်ရှိသည်ဟု ဒေသခံ ကျန်းမာရေး ၀န်ထမ်းတစ်ဦးကပြောသည်။

“ဒေသက အိမ်ခြေ ၁၀ ရှိရင် ခုနှစ်အိမ် ရှစ်အိမ်က မူးယစ်ဆေး ရောင်းနေတာပါ။ အသက် ၁၂ နှစ်အထက် လူငယ် ဆယ်ယောက်မှာ ကိုးယောက်က မူးယစ်ဆေးသုံးတဲ့ သူတွေဖြစ်နေပြီ။ သက်ဆိုင်သူတွေ မယုံရင် လာကြည့်ပါ၊ လေ့လာပါ။ ဒါက ဒေသဖွံ့ဖြိုးရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုပါ”ဟု ၄င်းက ပြောသည်။

ယာမဆေးပြားများ အလုံး ၂၀၀ ပါ တစ်ထုပ်လျှင် ၀ယ်ရင်းဈေး ငွေကျပ် ခြောက်သောင်းဝန်းကျင်ရှိပြီး လက် လီ ပြန် ရောင်းပါက ငွေကျပ် တစ်သိန်းနှစ်သောင်းကျော်ရရှိသည်ဟု ဈေးကွက်အတွင်းက သိရသည်။

“ယခုနှစ် မြို့နယ်တစ်ခုလုံးမှာ ၁၀ တန်းဖြေဆိုသူ ၁၀၀ ကျော်ထဲက ၉ ယောက်ပဲအောင်တယ်။ အရင်နှစ် လည်း ဒီလိုပဲ အောင်ချက်နည်းတယ်။ ဒီဒေသမှာ ပညာတတ်နည်းပါးခြင်း နဲ့ မူးယစ်ဆေးကျေးကျွန်ဖြစ်ခြင်း က ဆက် စပ်နေတယ်” ဟု ကျောင်းဆရာတစ်ဦးက သုံးသပ်သည်။

ယာမဆေးပြားများ အပါအ၀င် ဒေသထွက် ဘိန်းနှင့်အခြား မူးယစ်ဆေး ၀ါးမျိုးစုံ ကိုလည်း ဆယ်ကျော်သက် များ သုံးစွဲနေသည်ဟု သိရသည်။

“ဒီဒေသက ပြည်သူတွေက ပညာမတတ်ဘူး။ ဥပဒေနားမလည်ဘူး။ သို့သော် ဥပဒေနားလည်တဲ့သူတွေ၊ အုပ် ချုပ်တဲ့သူတွေက ဖိဖိစီးစီးလုပ်တာလည်း မတွေ့ရဘူး။ လုပ်ရင် ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။ စဉ်းစားစရာ ဖြစ်နေတယ်။”ဟု မန်တုံဒေသတွင် လူမှုဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး က ပြော သည်။

မန်တုံမြို့ နယ်သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ပါဝင်ပြီး၊ ဒေသ၏ အဓိက ငွေရွှင်သော စိုက်ပျိုး ရေးလုပ်ငန်းမှာ ဘိန်းနှင့် လက်ဖက်စိုက်ပျိုးရေးဖြစ်သည်ဟု သိရသည်။

ဒေသခံပညာတတ်တစ်ချို့သည် မူးယစ်ဆေးကြောင့် လူငယ်လူရွယ်များ လူညွှန့်တုံးမည်ကို စိုးထိတ်နေ ကြပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူအနေဖြင့် လျင်မြန်စွာအရေးယူဆောင်ရွက် ကြပ်မတ်ပေးရန် လိုလားလျှက် ရှိသည်ဟု သိရသည်။

Myanmar Online News

No comments:

Post a Comment