Pages

Saturday, June 29, 2013

နယ်စပ်ကုန်သွယ်မှု ယခင်နှစ် ကာလတူထက် ဒေါ်လာ ၈၆ သန်းကျော် လျော့နည်း


ဇွန်လ ၂၉ ရက်

နယ်စပ်ကုန်သွယ်မှုနှင့် ပုံမှန် ကုန်သွယ်မှု (ပင်လယ်ရေကြောင်းကုန်သွယ်မှု) နှစ်မျိုး အနက် နယ်စပ်ကုန်သွယ်မှုမှာ ယခု ဘဏ္ဍာနှစ် သုံးလခန့်အတွင်း အမေရိကန်ဒေါ်လာ ၈၂၁ သန်းကျော် ရှိခဲ့သော်လည်း ယခင်နှစ် အလားတူ ကာလထက် ဒေါ်လာ ၈၇ သန်းခန့် လျော့နည်း နေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှတဆင့် သိရသည်။

“နယ်စပ်ကုန်သွယ်မှုအနေနဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇွန်၂၁ ရက်နေ့အထိ ဒေါ်လာ ၈၂၁ သန်းကျော်ဖိုး ကုန်သွယ်မှု ရှိခဲ့ပါတယ်။ အရနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၈၆ သန်းကျော် လျော့နည်း ခဲ့တာ တွေ့ရပါတယ်” ဟု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ပြောသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်မှ ဇွန်လ ၂၁ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၉၀၇.၉၆၉ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်ကုန်သွယ်မှုတွေကို အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေရှ်၊ အိန္ဒိယတို့နဲ့ ကုန်သွယ်မှု ရှိနေပါတယ်။ ပို့ကုန်အဖြစ် အများဆုံး တင်ပို့နေတာက လယ်ယာ ထွက်ကုန်ပစ္စည်းတွေ၊ ရေထွက်ကုန်၊ သတ္တုပစ္စည်းတွေနဲ့ သစ်တောထွက်ပစ္စည်းတွေကို အများဆုံး တင်ပို့နေတာပါ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

နယ်စပ်အလိုက် ကုန်သွယ်မှု စခန်းများမှာ အိန္ဒိယ နယ်စပ်တွင် ရိဒ်ခေါဒါနှင့် တမူး၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေနှင့် မောင်တော၊ ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မြိတ်၊ တရုတ်နယ်စပ်တွင် မူဆယ်လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့ ဖြစ်သည်။

“နယ်စပ်ကုန်သွယ်မှု လျှော့နည်းရတာက မြန်မာ ဘက်က အဓိက တင်ပို့နေရတဲ့ ပို့ကုန်တွေရဲ့ ဈေးနှုးအရ နည်းရတွေလည်း ပါပါတယ်။ နောက် ဘင်္ဂလာဒေ့ရှ် နယ်စပ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ၊ မောင်တော နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ကောင်းကောင်း မလုပ်နိုင်ကြတာလည်း ပါပါတယ်။ ထိုင်းနဲ့ အသစ်ဖွင့်လိုက်တဲ့ ထီးခီးနဲ့ မောတောင် စခန်းတွေရဲ့ လမ်းတွေမကောင်းသေးတာတွေကလည်း အကြောင်းအရာ တခုအနေနဲ့ ပါဝင်နိုင်ပါတယ်” ဟု နယ်စပ်များမှ ဆန်တင်ပို့နေသူ စီးပွားရေး လုပ်ငန်းရှင် ဦးမောင်သန်း က သုံးသပ်သည်။

Mizzima

No comments:

Post a Comment